iPhone 12 ရဲ့ Specific Absorption Rate (SAR) ဟာ သတ်မှတ်ထားတဲ့ ပမာဏထက်များနေတဲ့အတွက် ပြင်သစ်မှာ iPhone 12 ရောင်းချမှုကို ပိတ်ပင်လိုက်ပါတယ်။ ပြင်သစ် အမျိုးသား Frequency အေဂျင်စီ (ANFR) က iPhone 12 ဟာ ခွင့်ပြုထားတဲ့ လျှပ်စစ် သံလိုက်လှိုင်းတွေထက် ပိုမို ထုတ်လွှင့်တယ်လို့ ပြောပါတယ်။
အေဂျင်စီက ၃ နှစ်သက်တမ်းရှိတဲ့ iPhone အပါအဝင် iPhone ၁၄၁ လုံးကို SAR အတွက် စမ်းသပ်ခဲ့ပြီး ဖုန်းကို အိတ်ကပ်ထဲ ထည့်ထားချိန်မှာ 5.74 Watts Per Kilogram ထုတ်လွှင့်တာကို တွေ့ခဲ့ရပါတယ်။ ဥရောပသမဂ္ဂရဲ့ SAR စံနှုန်းက 4.0 Watts Per Kilogram ဖြစ်ပါတယ်။
ANFR က “ Apple ဟာ ဒီပြဿနာကို လျှင်မြန်စွာ ဖြေရှင်းရမှာပါ။ ဒါမှမဟုတ်ရင် ဥရောပ နိုင်ငံတွေမှာ iPhone ရောင်းချတာကို ပိတ်ပင်မှာပါ။” လို့ ပြောပါတယ်။ ပြင်သစ်ရဲ့ ဒစ်ဂျစ်တယ် စီးပွားရေး ဝန်ကြီး Jean-Noel Barrot က Apple ဟာ Software Update နဲ့ ဒီပြဿနာကို ၂ ပတ်အတွင်း ဖြေရှင်းနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။
သိပ္ပံ သုတေသန တချို့အရ ကင်ဆာဖြစ်စေနိုင်တဲ့အတွက် ဥရောပ သမဂ္ဂက SAR ပမာဏကို ကန့်သတ်ထားတာ ဖြစ်ပါတယ်။
Apple ဟာ ၂၀၂၀ ခုနှစ် စက်တင်ဘာလက စတင်ပြီး iPhone 12 အလုံးရေ ၁၀ သန်းခန့်ကို ရောင်းချထားပြီး ဖြစ်ပါတယ်။ Apple က iPhone 15 ကို ကြေညာပြီးပြီ ဖြစ်တဲ့အတွက် iPhone 12 ရောင်းချတာကို ရပ်နားထားပြီး ဖြစ်ပါတယ်။ အဲဒီအတွက် Apple ရဲ့ ရှေ့လျှောက် iPhone ရောင်းအားကို ထိခိုက်စေမှာ မဟုတ်ပါဘူး။
Ref : gsmarena