Vivo ကနေ လာမယ့် စက်တင်ဘာလ ၂၄ ရက်နေ့မှာ Vivo V20 SE စမတ်ဖုန်းအသစ်ကို မိတ်ဆက်ဖို့ ရှိနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက အဆိုပါဖုန်းနဲ့ ပတ်သက်ပြီး Teaser ပုံတွေထွက်ရှိလာခဲ့ပေမယ့် အခုအချိန်မှာတော့ Specification အပြည့်အစုံပါ ပေါက်ကြားလာပြီဖြစ်ပါတယ်။

အဆိုပါ သတင်းကိုတော့ Leakster တစ်ဦးဖြစ်တဲ့ Sudhanshu Ambhore ကနေ Twitter စာမျက်နှာမှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။ Specification တွေတင်မဟုတ်ဘဲ ဖုန်းရဲ့ ဓါတ်ပုံကိုပါ ဖော်ပြခဲ့ပါသေးတယ်။

Vivo V20 SE ဟာ 6.44″ Full HD+ AMOLED Display ကို အသုံးပြုထားပြီး Corning Gorilla Glass 3 Protection လည်းပါဝင်မှာဖြစ်ပါတယ်။ Performance ပိုင်းမှာတော့ Qualcomm Snapdragon 665 Chipset ကိုမှ RAM 8GB နဲ့ Storage 128GB တွေပါဝင်မှာပါ။

Camera ပိုင်းအနေနဲ့ကတော့ 48MP Primary Sensor အပြင် 8MP Ultrawide ၊ 2MP Bokeh Sensor တွေပါဝင်တဲ့ Triple Camera Setup ပါဝင်မယ်လို့ သိရပါတယ်။ Selfie Camera အနေနဲ့ကတော့ 32MP Sensor ကို Waterdrop Notch ပုံစံနဲ့ ထည့်သွင်းပေးထားပါတယ်။ Video ပိုင်းမှာ 4K 30fps အထိ Support ပြုလုပ်နိုင်မှာလည်းဖြစ်ပါတယ်။

Battery ပိုင်းအနေနဲ့ကတော့ 4100mAh Battery ပါဝင်မှာဖြစ်ပြီး USB-C ကနေတစ်ဆင့် 33W Fast Charging နဲ့ ပြန်လည်အားသွင်းနိုင်မယ်လို့ သိရပါတယ်။ Android 10 OS ကို အခြေခံထားတဲ့ FunTouch OS 11 ကိုပဲ ဆက်လက်အသုံးပြုလာမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Vivo V20 SE စမတ်ဖုန်းဟာ လက်ရှိ Vivo ဖုန်းတွေထဲမှာ စျေးနှုန်းအသက်သာဆုံး Mid Range ဖုန်း ဖြစ်လာနိုင်ပါတယ်။

Ref – Gizmo China