Miami Gardens က ဖုန်းပြင်တဲ့ ဆိုင် ၁ ခုမှာ ရယ်စရာ အဖြစ်အပျက် ၁ ခု ဖြစ်ပွားခဲ့ပါတယ်။ လူ ၁ ယောက်ဟာ လူသိမှာစိုးလို့ မျက်နှာကို စက္ကူပုံးအုပ်ကာ အဲဒီဆိုင်ကနေ iPhone တွေခိုးယူခဲ့ပါတယ်။ ဒါပေမယ့် သူဟာ ဖုန်းတွေထည့်ထားတဲ့ မှန်ပုံးကို ရိုက်ခွဲလိုက်တဲ့အခါမှာ စက္ကူပုံးဟာ ပြုတ်ကျသွားခဲ့ပြီး သူ့မျက်နှာပေါ်သွားခဲ့ပါတယ်။

ဆိုင်ပိုင်ရှင်က သူခိုးဟာ iPhone ၁၉ လုံးနဲ့ ငွေသား ဒေါ်လာ ၈,၀၀၀ ကို ခိုးယူသွားခဲ့တယ်လို့ ပြောပါတယ်။ စုစုပေါင်းတန်ဖိုးအားဖြင့် ဒေါ်လာ ၁၅,၀၀၀ ရှိပါတယ်။

ကံဆိုးချင်တော့ သူခိုးရဲ့ မျက်နှာကို လုံခြုံရေး ကင်မရာက ရိုက်ကူးထားတဲ့အတွက် ရဲတွေအတွက် စုံစမ်းရတာ လွယ်ကူသွားပါတယ်။

Man Hiding Face Under Cardboard Box For Robbery Commits This Blunder

ဆိုင်ပိုင်ရှင်က အဲဒီ အဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ စနေနေ့ နံနက် ၄ နာရီမှာ ဖြစ်ခဲ့တာလို့ ပြောပါတယ်။ ဆိုင်ပိုင်ရှင်က အဲဒီနောက်မှာ သူခိုး မျက်နှာ ဓါတ်ပုံကို ဈေးဝယ်စင်မှာ ကပ်ပြီး တွေ့ရင် အသိပေးပါလို့ တောင်းဆိုခဲ့ပါတယ်။ ကံကောင်းချင်တော့ သူခိုးဟာ အရက်ဆိုင်မှာ သူငယ်ချင်းတွေနဲ့ ဝိုင်းဖွဲ့နေတယ်လို့ အကြောင်းကြားလာပါတယ်။

နောက်ဆုံးမှာတော့ ဆိုင်ပိုင်ရှင်က Miami Gardens ရဲဌာနကို အကြောင်းကြားကာ သူခိုးကို ဖမ်းနိုင်ခဲ့ပါတယ်။

Ref : gizmochina