Samsung ဟာ လက်ရှိအချိန်မှာ Galaxy Note Series ဖုန်းတွေကို ထုတ်လုပ်ခြင်းမရှိတော့တဲ့အတွက် Galaxy S Series ဖုန်းတွေကပဲ Flagship ဖုန်းတွေအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။ ယခုနှစ်အစောပိုင်းမှာလည်း Samsung ကနေ Galaxy S23 Series ဖုန်းတွေကို မိတ်ဆက်ခဲ့ပြီး စျေးကွက်အတွင်းမှာ အောင်မြင်တဲ့ Flagship ဖုန်းတွေလို့ သတ်မှတ်နိုင်ပါတယ်။
ဒါပေမယ့် Samsung ဟာ Galaxy S20 Series နောက်ပိုင်းထဲက Galaxy S Series ဖုန်းတွေရဲ့ ဒီဇိုင်းပိုင်းကို အများကြီးပြောင်းလဲမှုတွေပြုလုပ်ခြင်းမရှိသလို မိတ်ဆက်တဲ့ဖုန်းတွေအနေနဲ့လည်း ပြောင်းလဲခြင်းမရှိဘဲ Galaxy S23 ၊ S23+ နဲ့ S23 Ultra လိုမျိုး အမျိုးအစား ၃ မျိုးကို နှစ်စဥ်မိတ်ဆက်နေတာဖြစ်ပါတယ်။
အခုနောက်ဆုံးသိရရတဲ့သတင်းအရ Samsung ဟာ လာမယ့် ၂၀၂၄ ခုနှစ်အစောပိုင်းမှာ မိတ်ဆက်လာမယ့် Galaxy S24 Series ရဲ့ ဖုန်းဒီဇိုင်းကိုလည်း ပြောင်းလဲမှာမဟုတ်သေးဘူးလို့ သိရပါတယ်။ ဒါကြောင့် Galaxy S24 နဲ့ Galaxy S24+ ဖုန်းတွေဟာ ယခုနှစ် Galaxy S23 ၊ Galaxy S23+ ဖုန်းတွေနဲ့ ဒီဇိုင်းအတူတူနီးပါးဖြစ်နေဦးမှာပါ။
ဒါပေမယ့် Galaxy S24 Ultra ဖုန်းအတွက်ကတော့ သတင်းထွက်ရှိလာခြင်းမရှိတာကြောင့် ဒီဇိုင်းပိုင်း ပြောင်းလဲမှုရှိလာမလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ Samsung Galaxy S24 Series ဖုန်းတွေဟာ စွမ်းဆောင်ရည်ပိုင်းမှာလည်း အများအပြားပြောင်းလဲမှုရှိမှာမဟုတ်ဘဲ Battery ပိုင်းနဲ့ Camera ပိုင်းကိုပဲ အဆင့်မြှင့်တင်မှုတွေ ပြုလုပ်လာမယ်လို့ သိရပါတယ်။
ဘာပဲဖြစ်ဖြစ် Samsung ဟာ အခုနောက်ပိုင်းမှာ သာမန် Flagship S Series ဖုန်းတွေထက် Foldable ဖုန်းတွေကိုပဲ ပိုပြီး အာရုံစိုက်နေတာကိုတော့ လက်ခံရမှာပါ။
Ref – Gizmo China