Realme အကြီးအကဲတွေဟာ မေလ ၂၅ ရက်နေ့မှာ မိတ်ဆက်လာမယ့် စမတ်ဖုန်းသစ်တစ်လုံးကို ပြသခဲ့ဖူးပြီး ယနေ့မှာတော့ ဒီဖုန်းရဲ့နာမည်ကို Realme X50 Pro Player (Edition) လို့ခေါ်မှာဖြစ်ကြောင်း သိခဲ့ရပါပြီ။

ဒီဖုန်းရဲ့ Codename က Blade Runner လို့ပေးထားပြီး Realme ရဲ့ Weibo အကောင့်မှ ဖော်ပြချက်အရတော့ စွမ်းဆောင်ရည်ပိုင်းကောင်းမွန်တဲ့ လျှင်မြန်မှုဘုရင်တစ်ဆူ ဖြစ်လာမယ်လို့ ဆိုထားပါတယ်။

Realme X50 Pro Player ဖုန်းရဲ့သွင်ပြင်က Realme X50 Pro နဲ့ပဲတူညီပေမယ့် Gray/Silver အရောင်သစ်နဲ့ ဖြစ်ပါတယ်။ Snapdragon 865 ချစ်ပ်ဆက်ကို အသုံးပြုလာမှာဖြစ်တဲ့ ဒီဖုန်းမှာ Gaming ဦးစားပေး Feature တွေ ထပ်မံပါဝင်လာဦးမှာပါ။

Specs အချက်အလက်တွေကိုတော့ မသိရသေးပေမယ့် လာမယ့်ရက်တွေမှာ ဆက်ပြီး Teaser တွေ မြင်ရဦးမှာပါ။ မေလ ၂၅ ရက်နေ့မှာတော့ X50 Pro Player ဗားရှင်းနဲ့အတူ Realme TV နဲ့ Realme Watch အသစ်တွေကိုလည်း တွေ့ရမယ့်အပြင် Realme X3 စမတ်ဖုန်းသစ် အနည်းဆုံးနှစ်လုံးကိုပါ မြင်တွေ့ရဖွယ်ရှိပါတယ်။

Ref – GSMArena