Android ဟာ လာမယ့် Android OS 11 နဲ့အတူ Bubble Tea ၊ Polar Bear အပါအဝင် Emoji အသစ် ၆၂ မျိုးကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာ Google Gboard ကနေ Emoji Kitchen ဆိုပြီး Feature အသစ်တစ်ခုကို မိတ်ဆက်လိုက်ပါပြီ။

အခု Feature ဟာဆိုရင် ပုံမှန် Gboard မှာ ပါဝင်တဲ့ Emoji တွေကိုမှ ၂ ခုကို Random ရောလိုက်ပြီး Custom Sticker အနေနဲ့ ထုတ်ပေးသွားမှာဖြစ်ပါတယ်။ Google ရဲ့ ပြောကြားချက်အရတော့ ကိုယ်အကြိုက်ဆုံး Emoji ကို ရွေးချယ်ပေးလိုက်တာနဲ့ ယခု Google ရဲ့ Designer တွေက သေချာရေးဆွဲထားတဲ့ Custom Sticker Suggestion တွေကို မြင်တွေ့ရမှာဖြစ်တယ်လို့ သိရပါတယ်။

လောလောဆယ်မှာ အဆိုပါ Emoji Kitchen Feature ကို Gmail ၊ Google Messages ၊ Snapchat ၊ Telegram ၊ WhatsApp နဲ့ Faceboook Messenger တွေမှာ Support ပြုုလုပ်သွားမယ်လို့ သိရပါတယ်။ ဒီ Feature ကို အသုံးပြုဖို့ကလည်း Gboard ရဲ့ Emoji တစ်ခုခုကို နှိပ်လိုက်ရုံနဲ့ အပေါ်ဘက်မှာ Suggestion ပြုလုပ်ပေးသွားမှာပါ။

ဒါပေမယ့်လည်း အဆိုပါ Custom Sticker တွေက Emoji အနေနဲ့တော့ ပြောင်းလဲသွားမှာမဟုတ်ဘဲ PNG Image File အနေနဲ့ ပေးပို့သွားမှာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီ Emoji Kitchen Feature ဟာ အသုံးပြုရတာတော့ တော်တော်လေးကို ပျော်စရာကောင်းလာဖို့များပါတယ်။

Google ကတော့ ယခု Feature ကို စတင်အသုံးပြုနိုင်မယ်လို့ ပြောကြားခဲ့ပြီး အခုချက်ချင်းအသုံးပြုချင်တယ်ဆိုရင်တော့ Beta Channel ကို Sign-in ဝင်ရောက်ပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Ref – 9to5Google