Google က Gmail မှာ Gemini AI ကို ထည့်သွင်းပြီးနောက်မှာ Google Messages မှာလည်း ထည့်သွင်းပေးလိုက်ပါတယ်။ Google Messages မှာ Gemini AI ကို ကျယ်ကျယ်ပြန့်ပြန့် မရသေးတဲ့အတွက် စောင့်ဆိုင်းရဦးမှာပါ။

Gemini AI makes its way to Google Messages
Messages App မှာ Gemini AI ကို မေးခွန်းတွေ မေးနိုင်ပြီး အလုပ်တွေ ခိုင်းစေနိုင်ပါတယ်။ Messages App ကို ပိတ်စရာမလိုဘဲ Gemini AI ကို အသုံးပြုနိုင်ပါတယ်။ Messages App မှ Gemini AI ဟာ Android အတွက် Standalone App နဲ့ တူညီပါတယ်။

Gemini AI rolls out in Google Messages, Telecom News, ET Telecom

Messages App ရဲ့ ညာဘက်အောက်ထောင့်မှ “Start Chat” Button ရဲ့ အထက်မှာ Gemini AI ကို လျှင်မြန်စွာ ဆင့်ခေါ်နိုင်တဲ့ Floating Action Button အသစ် ၁ ခု ပါလာပါတယ်။

AI ဟာ သင့်ရဲ့ Private Conversation တွေကို ဖတ်မှာ မဟုတ်တဲ့အတွက် သင့်ရဲ့ ဒေတာတွေ ဘေးကင်းလုံခြုံစေပါတယ်။ ဒါပေမယ့် End-to-end Encryption မပါတဲ့အတွက် Gemini ကို ပေးတဲ့ သတင်းအချက်အလက်တွေကို သတိထားရမှာပါ။ Gemini မှာ သင့် Chat History ကို ၁၈ လအထိပဲ သိမ်းထားမှာပါ။ သင်က ၃၆ လ သို့မဟုတ် ၃ လအထိ အတိုး အလျှော့လုပ်နိုင်ပါတယ်။

Ref : gsmarena