Gionee ရဲ့ စမတ်ဖုန်း အသစ် ၁ လုံးကို တရုတ် ဆက်သွယ်ရေး ကော်မရှင် (TENAA) မှာ မှတ်ပုံတင်ထားပါတယ်။ ခေတ်ပေါ် ဒီဇိုင်း  ဖြစ်ပေမယ့် Android OS က ဒိတ်အောက်နေတဲ့အတွက် သိပ်စွဲဆောင်မှု မရှိပါဘူး။

Gionee GSE1020

Gionee GSE1020 လို့ TENAA မှာ ဖော်ပြထားပြီး ၆.၅၃ လက်မ 1560×720 HD+ မျက်နှာပြင် ပါလာပါတယ်။ အရွယ်သေး Notch မှာ ဆဲလ်ဖီး ကင်မရာ ၁ လုံး တပ်ဆင်ထားပြီး 2.0GHz Octa-core Processor လို့ ဖော်ပြထားပေမယ့် Chipset နာမည်ကို မသိရသေးပါဘူး။ 6GB or 8GB RAM နဲ့ 128GB or 256GB Storage ရွေးချယ်နိုင်တဲ့အပြင် 256GB microSD Card စိုက်နိုင်တဲ့အတွက် ဒေတာတွေ ရှယ်သိမ်းလို့ ရပါတယ်။

Gionee GSE1020 TENAA

အနောက်ဘက်မှာ ကင်မရာ ၃ လုံးနဲ့ LED Flash ၁ လုံးကို စက်ဝိုင်းပုံ အကွက်ထဲမှာ ထည့်သွင်းထားတာကို ဓါတ်ပုံမှာ မြင်ရပေမယ့် TENAA မှာတော့ ကင်မရာ ၂ လုံးပဲ ပါမယ်လို့ ပြောထားပါတယ်။ ဘယ်ဘက်ခြမ်းမှာ လက်ဗွေရာ အာရုံခံ ကိရိယာ တပ်ဆင်ထားပါတယ်။

Gionee GSE1020 မှာ Android 7.1.1 Nougat ပဲ ထည့်သွင်းထားပြီး နောက်ဆုံးထုတ်က Android 11 ဖြစ်တဲ့အတွက် အရမ်းကို ဒိတ်အောက်နေပြီလို့ ပြောနိုင်ပါတယ်။ 4,000mAh ဘက်ထရီလို့ ဖော်ပြထားပြီး Fast Charging ပါမလားဆိုတာ မသိရသေးပါဘူး။ Rose Gold, Amber Gold, Magic Night Black, Starry Sky Blue နဲ့ Black Stone Green အရောင်တွေ ရွေးချယ်နိုင်မှာပါ။ အလေးချိန်က ၂၀၄.၂ ဂရမ်နဲ့ အရွယ်အစား အပြည့်အစုံက 164.3 x 77.7 x 9.7 မီလီမီတာ ဖြစ်ပါတယ်။

Ref : gizmochina