Xiaomi ရဲ့ Redmi Note 7 စမတ်ဖုန်းဟာ ပထမဆုံးသော 48MP Camera Sensor ကို အသုံးပြုထားတဲ့စမတ်ဖုန်းဖြစ်သလို စျေးကွက်အတွင်းမှာလည်း အောင်မြင်မှုအများအပြားရရှိခဲ့တာဖြစ်ပါတယ်။ အဆိုပါ Redmi Note 7 အတွက် MIUI 12 Update ကို Xiaomi ကနေ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက China Region အတွက် MIUI 12 Update ကို ထုတ်ပေးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် Redmi Note 7 Global ROM ကို အသုံးပြုနေတဲ့သူတွေအတွက်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းအထိ MIUI 11 ကိုပဲ အသုံးပြုနိုင်ခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှ Xiaomi ကနေ Global Redmi Note 7 အသုံးပြုသူတွေအတွက် MIUI 12 Update ကို ထုတ်ပေးလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။

အဆိုပါ MIUI 12 Update ဟာ Build Number 12.0.2.0.QFGEUXM အနေနဲ့ ထွက်ရှိလာမှာဖြစ်ပြီး Android 11 အစား Android 10 OS ကိုပဲ အခြေခံထားဦးမှာဖြစ်ပါတယ်။ လောလောဆယ်မှာ အသုံးပြုသူတွေရဲ့ ၃၀ ရာခိုင်နှုန်းဝန်းကျင်ကိုပဲ စတင်ထုတ်ပေးထားတာဖြစ်ပြီး တကယ်လို့ Bug ကြီးကြီးမားမားမရှိဘူးဆိုတော့မှ ကျန်တဲ့အသုံးပြုသူတွေဆီကို Update ထုတ်ပေးသွားမယ်လို့ သိရပါတယ်။

ဒီ MIUI 12 Update နဲ့အတူ Control Center Notification ၊ Dark Mode Optimization ၊ Camera Pro Mode Feature အသစ်တွေနဲ့ တခြားသော Feature တွေအများအပြားပါဝင်လာမှာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် Xiaomi Redmi Note 7 စမတ်ဖုန်းဟာ စတင်ရောင်းချပြီး ၆ လအတွင်းမှာတင် အလုံးရေ ၁၅ သန်းရောင်းချခဲ့ရတဲ့အတွက် အခုလိုမျိုး Global User တွေအတွက်ပါ MIUI 12 Update ရရှိတာက သတင်းကောင်းဖြစ်မှာပါ။

Ref – Giz China