“Global Technology Group သည် ၎င်းတို့၏ အထူးချွန်ဆုံး လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များ၊ လူမှုအကျိုးပြုဆိုင်ရာ အကောင်းဆုံး ဆောင်ရွက်ချက်များကြောင့် အသိအမှတ်ပြု ရွေးချယ်ချီးမြှင့်ခံရတာဖြစ်ပြီး၊ တက်ကြွမှုစွမ်းရည် ပြည့်ဝသော ဒီဂျစ်တယ် နည်းပညာသုံး လူ့စွမ်းအား အရင်းအမြစ်ဝန်းကျင်အဖြစ် ရပ်တည်ဆောင်ရွက်နေသည့် ကုမ္ပဏီတစ်ခုဖြစ်ပါသည်။”
Global Technology Group (GTG) သည် နိုင်ငံ့ဦးဆောင်နည်းပညာဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်နေသည့် ဆန်းသစ်တီထွင်ဖန်တီး နိုင်စွမ်းရှိသော ထိပ်တန်းလုပ်ငန်းစုတစ်ခုဖြစ်ပြီး ၂၀၂၀ ခုနှစ် မြန်မာနိုင်ငံလုပ်ငန်းရှင်များအား ရွေးချယ်ချီးမြှင့် ပေးအပ်သော အခမ်းအနားတွင် လူ့စွမ်းအားအရင်းအမြစ်နှင့် လူမှုအကျိုးပြုဆိုင်ရာ ကဏ္ဍ (၅) ခုအတွက် အောက်ပါဆုများကို လက်ခံရရှိခဲ့ပါသည်။
2020 Most Innovative Use Of Technology In HR (Gold Award)
2020 Best Learning and Development Program Award(Gold Award)
2020 Most Effective Recruitment Strategy for Talent Attraction (Silver Award)
2020 Best Use of Internal Marketing for Company Pride (Silver Award)
2020 Best CSR and Community Engagement (Bronze Award)
Myanmar Employee Awards (MEA) 2020 တွင် ပြည်တွင်းနှင့် နိုင်ငံတကာကုမ္ပဏီများ အပါအဝင် ကုမ္ပဏီပေါင်း (၉၀) ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ Global Technology Group (GTG) သည် ကဏ္ဍ (၅) ခုတွင် ရွှေတံဆိပ် (၂) ဆု၊ ငွေတံဆိပ် (၂) ဆု နှင့် ကြေးတံဆိပ် (၁) အသီးသီးရရှိခဲ့သည်။ ထိုဆုပေးပွဲသည် ပြည်တွင်းနှင့် နိုင်ငံတကာ လူ့စွမ်းအားအရင်းအမြစ်ကဏ္ဍ၌ ကျွမ်းကျင်ပညာရှင် (၂၄) ဦးမှ လွတ်လပ်စွာ အကဲဖြတ် စီစစ် ရွေးချယ်ပေးခဲ့သည်။
Global Technology Group (GTG) တွင် ဝန်ထမ်းပေါင်း (၅၄၀) ကျော် လုပ်ကိုင်လျက်ရှိပြီး အလုပ်အကိုင် အခွင့်အရေးသစ်များလည်း ဆက်လက်ဖန်တီးပေးလျှက်ရှိသည်။ ကမ္ဘာအနှံ့အပြားတွင် ဖြစ်ပွားလျက်ရှိသော ကပ်ရောဂါကာလ၌ပင် သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အလိုက် အရည်အချင်းရှိပညာရှင်များကိုလည်း Smart Onboarding System ဖြင့် ခေါ်ယူနေဆဲဖြစ်သည်။ စျေးကွက်လိုအပ်ချက်များအရ လုပ်ငန်းများတိုးချဲ့လျက် ရှိပြီး၊ မြန်နှုန်းမြင့်အင်တာနက်နှင့် ဒီဂျစ်တယ်ဝန်ဆောင်မှုများကိုလည်း သုံးစွဲသူများကို အကောင်းဆုံး ဖြစ်အောင် ပိုမိုအဆင်ပြေအောင်အမြဲတမ်း ဖြည့်ဆည်းပေးလျက်ရှိပါသည်။ တာဝန်ယူမှုရှိသော အဖွဲ့အစည်း အဖြစ် အမြဲရပ်တည်နိုင်အောင် ကြိုးစားဆောင်ရွက်နေသည့်အပြင် COVID-19 ကာကွယ်ကုသရေးနှင့် ကူညီမှု ဆိုင်ရာ လူမှုရေးလုပ်ငန်းများတွင်လည်း တက်ကြွနိုးကြားစွာ ပါဝင်ဆောင်ရွက်ပေးနေခြင်း စသည့် ထူးခြားထင်ရှားသော လုပ်ဆောင်ချက်များကြောင့် မြန်မာနိုင်ငံ လုပ်ငန်းရှင်များအတွက် အသိအမှတ်ပြုသော ဆုများကို ရရှိခဲ့ခြင်းဖြစ်ပါသည်။
“ကျွန်ုပ်တို့၏ အောင်မြင်မှုများသည် ကျွန်ုပ်တို့၏ HR ထူးချွန်မှု၊ အကောင်းဆုံး အလေ့အကျင့်များ ပေးနိုင်မှု၊ အရည်အချင်းပြည့်ဝသော စီမံခန့်ခွဲမှုများ ကြောင့်ရရှိခဲ့ခြင်းဖြစ်သလို ဆန်းသစ်တီထွင်မှု၊ လေ့လာသင်ယူမှု၊ သွက်လက်လျှင်မြန်မှုစတဲ့ အဖွဲ့အစည်းရဲ့ ရပ်တည်မှု၊ ယဉ်ကျေးမှုများကိုလည်း ထင်ဟပ်စေတယ်။ ထို့အပြင် ကျွန်ုပ်တို့ကုမ္ပဏီသည် ပြည်တွင်းကုမ္ပဏီများအနက် အကောင်းဆုံး HR စနစ်ကို ကျင်သုံး ဆောင်ရွက်နေသော ခိုင်မာသည့် လုပ်ငန်းအဖွဲ့အစည်းအဖြစ် ပိုမိုထင်ရှားပေါ်လွင်စေပါတယ်” ဟု Global Technology Group ၏ Co-Founder နှင့် Managing Director ဖြစ်သည့် ဦးမင်းဆွေလှိုင်မှ ပြောကြားခဲ့သည်။ “နောင်တွင်လည်း စက်မှုလုပ်ငန်းနယ်ပယ် (4.0) မှာ အသင့်ဖြစ်စေဖို့ ဒီဂျစ်တယ် HR ဂေဟစနစ်ကို ပြောင်းလဲဖော်ဆောင်ပြီး ထောင်ပေါင်းများစွာသော အလုပ်အကိုင်၊ အခွင့်အလမ်းများ ပိုမို ဖန်တီးပေးနိုင်အောင် ကြိုးစားသွားပါမည်” ဟု ထပ်မံပြောကြားခဲ့သည်။
“လူတွေက ကျွန်ုပ်တို့ရဲ့ အကြီးမားဆုံး ပိုင်ဆိုင်မှုတစ်ခုဖြစ်သည်။ လုပ်ငန်းခွင်အတွင်း ပျော်ရွှင်မှု၊ မိမိတို့ လုပ်ကိုင်နေသည့်နယ်ပယ်တွင် တီထွင်ဖန်တီနိုင်စွမ်းပိုမိုရရှိမှု၊ အလုပ်နှင့် လူမှုဘဝ ဟန်ချက်ညီညီရှိမှု အစရှိတဲ့ အချက်တွေနဲ့ လုပ်ငန်းခွင်အတွင်း ဖွံ့ဖြိုးတိုးတက်အောင်၊ ပိုမိုဖန်တီးနိုင်အောင် ကျွန်ုပ်တို့အဓိက လုပ်ဆောင် သည်” ဟု Global Technology Group ရဲ့ Co-Founder နဲ့ Chief Executive Officer ဖြစ်သူ ဦးသိန်းသန်းတိုးမှ ပြောကြားခဲ့သည်။ “Customer 4.0 မှာ အားသာချက်ရရှိအောင် ကျွန်ုပ်တို့ရဲ့ HR စနစ်သည် မြင့်မားသော စွမ်အားနှင့် အရင်းအမြစ် ပြည့်စုံသော အဖွဲ့အစည်းအဖြစ် လေ့ကျင့်ပျိုးထောင်ပေးပါတယ်” လို့ ရှင်းလင်း ပြောကြားခဲ့သည်။
“နည်းပညာကုမ္ပဏီကြီးတစ်ခုအနေနဲ့ လုပ်ငန်းခွင်အတွင်း တိုးတက်သော နည်းပညာနှင့် Digital Tools များအား အသုံးပြုခြင်းဖြင့် လုပ်ငန်းစွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်ပေးပြီး လုပ်ငန်းခွင်အတွင်း ပိုမိုတက်ကြွစွာ ပါဝင်လှုပ်ရှားလာမှုကြောင့် သုံးစွဲသူများထံသို့ အကောင်းဆုံးဝန်ဆောင်မှုများ ပေးနိုင်ခြင်း ဖြစ်သည်” ဟု Global Technology Group ၏ Co-Founder နှင့် Chairman ဖြစ်သူ ဦးရှိန်းသူအောင်က ပြောကြားခဲ့သည်။ “ထိုကဲ့သို့ သော ဆန်းသစ်တီထွင်မှုနှင့် အသစ်အသစ်များကို တက်ကြွစွာ လေ့လာမှုများက ကျွန်ုပ်တို့အဖွဲ့အစည်းရဲ့ အောင်မြင်မှုနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရဲ့ အဓိကဖြစ်တယ်” ဟု ဆက်လက်ပြောကြားခဲ့သည်။
Source – Global Technology Group