Google က တန်ဖိုးနည်း စွမ်းရည်နိမ့် Device တွေအတွက် ဖန်တီးထားတဲ့ Android 12 (Go Edition) ကို ကြေညာလိုက်ပါတယ်။ လက်ရှိမှာ Android (Go Edition) အသုံးပြုနေတဲ့ Device ပေါင်း သန်း ၂၀၀ ကျော်ရှိပြီး နောက်မျိုးဆက် Android 12 (Go Edition) ဟာ အရင်မျိုးဆက်ထက် ပိုမြန်လာသလို စမတ်ပိုကျလာပါတယ်။ Privacy လည်း ပိုကောင်းလာတယ်လို့ Google က ပြောပါတယ်။

A closer look at Android 12 (Go edition)

Android 12 (Go Edition) ဖုန်းတွေဟာ အရင်မျိုးဆက်တွေထက် App တွေ ဖွင့်တဲ့အခါ ၃၀ ရာခိုင်နှုန်း ပိုမြန်လာပြီး Animation တွေ ပိုချောမွတ်လာပါတယ်။ အချိန်ကာလတစ်ခုကြာ အသုံးမပြုတဲ့ App တွေကို အလိုလို Hibernate လုပ်ပေးတဲ့အတွက် ဘက်ထရီ သက်တမ်းပိုကောင်းစေသလို Storage သက်သာစေပါတယ်။ Files Go App အသစ်က ဖျက်လိုက်တဲ့ ဖိုင်တွေကို ရက်ပေါင်း ၃၀ အတွင်း ပြန်ရယူနိုင်အောင် ပံ့ပိုးပေးပါတယ်။

Android 12 (Go edition) promises a faster, smarter and more  privacy-friendly experience

Recent Apps Screen မှာ သတင်းတွေ နားဆင်နိုင်ပြီး On-screen Content တွေကို ဘာသာပြန်ပေးနိုင်ပါတယ်။ ဒီလို အသုံးဝင်တဲ့ လုပ်ဆောင်ချက်တွေကို Go Edition မဟုတ်တဲ့ Android 12 Version မှာ ဘာလို့ မထည့်သွင်းပေးထားသလဲဆိုတာ စဉ်းစားစရာပါ။

Android 12 Privacy Dashboard ကို Go Edition အတွက် ထည့်သွင်းပေးလိုက်ပြီး ဘယ် App တွေက သင့်ရဲ့ Sensitive ဒေတာတွေကို ရယူအသုံးပြုနေသလဲ ဆိုတာ လေ့လာနိုင်ပါတယ်။ Status Bar Privacy Indicator က App တွေ သင့် မိုက်ကရိုဖုန်းနဲ့ ကင်မရာကို အသုံးပြုတဲ့အခါမှာ အသိပေးနိုင်ပါတယ်။ Android 12 ရဲ့ Approximate Location Permissions ကိုလည်း Go Edition မှာ ထည့်သွင်းပေးလိုက်ပါတယ်။

၂၀၂၂ ခုနှစ်မှာ ထုတ်လုပ်မယ့် Android 12 (Go Edition) Device တွေမှာ ဒီ လုပ်ဆောင်ချက်အားလုံးကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Ref : gsmarena