Google က Android XR လို့ ခေါ်တဲ့ Brand New Operating System ကို ကြေညာလိုက်ပါတယ်။ “XR” ဟာ “Extended Reality” လို့ အဓိပ္ပါယ်ရပါတယ်။ ဒါဟာ Virtual Reality , Augmented Reality နဲ့ Mixed Reality Headsets တွေအတွက် ဆင့်ပွား အခေါ်အဝေါ် တစ်ခု ဖြစ်ပါတယ်။
Android XR ဟာ Apple Vision Pro Headset ကို မောင်းနှင်တဲ့ visionOS ရဲ့ တိုက်ရိုက် ပြိုင်ဖက် ဖြစ်ပါတယ်။ Google က Maps, YouTube, Chrome နဲ့ Photos လို App တွေကို အဲဒီ ပလက်ဖောင်းမှာ ထည့်သွင်းမှာ ဖြစ်ပါတယ်။ ကုမ္ပဏီက တခြား Play Store App များစွာကိုလည်း ထောက်ပံ့ဖို့ စီစဉ်ထားပါတယ်။
Google Chrome မှာ Multitasking စွမ်းရည် ပိုကောင်းလာမှာ ဖြစ်ပြီး သင့်စိတ်ကြိုက် Browser Tabs တွေကို ဖွင့်နိုင်၊ စီစဉ်နိုင်ပါတယ်။
Google Gemini AI ဟာ Android XR ရဲ့ ပင်မကျောရိုး Feature ဖြစ်လာမှာဖြစ်ပြီး User တွေအတွက် အလွန်ကို အသုံးဝင်လာမှာပါ။ Gemini AI က အလုပ်တိုင်းမှာ သင့်ကို ကူညီပေးနိုင်ပြီး ဗီဒီယိုတွေ ရိုက်ကူးပေးနိုင်မှာပါ။ အသံလည်း ဖမ်းယူပေးနိုင်မှာပါ။
Android XR ဟာ အစောပိုင်း အဆင့်မှာပဲ ရှိသေးပေမယ့် Google က နောက်နှစ်ထဲမှာ XR ပါတဲ့ ထုတ်ကုန်တွေ ရောင်းချဖို့ မျှော်လင့်ထားပါတယ်။ Google နဲ့ Samsung ဟာ Moohan လို့ လျှို့ဝှက်နာမည်ပေးထားတဲ့ Headset တစ်ခုကို တီထွင်နေပြီး ၂၀၂၅ ခုနှစ်မှာ ရောင်းချနိုင်ပါတယ်။
Ref : gsmarena