Google က Pixel Device တွေမှာပဲ ထည့်သွင်းပေးထားတဲ့ Android ရဲ့ Feature အသစ် ၄ ခုကို Android Device တိုင်းအတွက် ကြေညာလိုက်ပါတယ်။ Wear OS အတွက်လည်း Feature အသစ် ၁ ခုကို ထည့်သွင်းပေးထားပါတယ်။

Google announces four new Android features that aren't limited to Pixels

ပထမဆုံးက Android Screen Reader ဖြစ်တဲ့ TalkBack ဖြစ်ပြီး Gemini မော်ဒယ်တွေကို အသုံးပြုကာ ဓါတ်ပုံတွေရဲ့ သတင်းအချက်အလက်ကို အသံထွက်ဖတ်ပြပေးနိုင်ပါတယ်။ Camera Roll ၊ Messages ထဲက ဓါတ်ပုံနဲ့ လူမှုကွန်ရက်က ဓါတ်ပုံတွေကို ကြည့်လိုက်တာနဲ့ အသံထွက်ပြောပြပေးပါတယ်။

နောက်တစ်ခုက Circle to Search ဖြစ်ပြီး သင့်ဖုန်း သို့မဟုတ် သင့်အနားမှာ ဖွင့်ထားတဲ့ သီချင်းကို ပြောပြပေးနိုင်ပါတယ်။

Google's latest Android feature updates come with a refreshed logo - The Verge

တတိယ တစ်ခုက Chrome မှာ Content တွေကို အသံနဲ့ နားထောင်နိုင်ပါတယ်။ Listening Speed, Voice အမျိုးအစားနဲ့ ဘာသာစကားကို သင်က ရွေးချယ်နိုင်ပါတယ်။

နောက်တစ်ခုက Android Earthquake Alerts System ဖြစ်ပြီး အမေရိကန်က ပြည်နယ်အားလုံးနဲ့ နိုင်ငံ ၆ ခုအတွက် တိုးချဲ့ ဖြန့်ချိပေးလိုက်ပါတယ်။ အဲဒီ Feature က ငလျင် မလှုပ်ခင် သတိပေးနိုင်ပြီး ငလျင်လှုပ်ပြီးရင်လည်း အကြံပြုချက်တွေ ပေးနိုင်ပါတယ်။

နောက်ဆုံး တစ်ခုက Wear OS အတွက် Google Maps ကို Offline အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

Ref : gsmarena