Google ကနေ ပြီးခဲ့တဲ့နှစ်တုန်းက Android ဖုန်းတွေနဲ့ Tablet တွေကို Smart Display ပုံစံပြောင်းလဲပစ်နိုင်တဲ့ Google Assistant Ambient Mode Feature ကို မိတ်ဆက်ထားခဲ့ပါတယ်။

အဆိုပါ Google Assistant ရဲ့ Ambient Mode Feature ဟာဆိုရင် ဖုန်းကို အားသွင်းထားတဲ့အချိန်မှာ Smart Display လိုမျိုး Calendar Information ၊ Weather Information ၊ Music Controls နဲ့ Smart Home Control တွေကို ပြသခိုင်းစေနိုင်မှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Google Photos ကို အသုံးပြုနေတယ်ဆိုရင်လည်း Photo Slideshow Feature ကို သုံးနိုင်ဦးမှာပါ။

Google ကနေ အဆိုပါ Ambient Mode Feature ကို Android Tablet ၂ မျိုးဖြစ်တဲ့ Lenovo Smart Tab M8 HD နဲ့ Lenovo Yoga Smart Tab တွေအပြင် Nokia 7.2 နဲ့ 6.2 ဖုန်းတွေကိုပဲ Update ထုတ်ပေးခဲ့ပြီး တခြားသော Device တွေမှာ အသုံးပြုနိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါပေမယ့် အခုအချိန်မှာတော့ OnePlus Device တွေမှာပါ အဆိုပါ Ambient Mode Feature ကို အသုံးပြုနိုင်ပြီလို့ ကြေညာခဲ့ပါတယ်။

OnePlus ရဲ့ ပြောကြားချက်အရတော့ ယခင် OnePlus 3 စမတ်ဖုန်းကနေ လက်ရှိနောက်ဆုံးထွက်ရှိထားတဲ့ OnePlus 7T ဖုန်းတွေအထိ အသုံးပြုနိုင်မှာဖြစ်ပြီး အသုံးပြုဖို့အတွက်ကလည်း Google App ရဲ့ Assistant Tab မှာရှိတဲ့ Ambient Mode ကို On ပေးလိုက်ရုံပဲလို့ သိရပါတယ်။

Ref – XDA-Developers