Google Assistant ဟာ Android စမတ်ဖုန်းတွေတင်မဟုတ်ဘဲ iOS Device တွေ၊ Smart Speaker နဲ့ Smart TV တွေလိုမျိုး Device တွေအများအပြားမှာ အသုံးပြုနိုင်တဲ့ Voice Assistant တစ်ခုဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ တခြားသော Voice Assistant တွေဖြစ်တဲ့ Apple Siri နဲ့ Samsung Bixby တွေထက်လည်း ပိုပြီးစွမ်းဆောင်နိုင်တယ်ဆိုပြီး သတ်မှတ်ခံထားရတာပါ။

Google Assistant ကို လက်ရှိအချိန်မှာ ကိုယ်ကြိုက်နှစ်သက်တဲ့ အသံထွက်နဲ့ အသုံးပြုနိုင်သလို မကြာခင်မှာလည်း အသုံးဝင်တဲ့ Feature အသစ်တစ်ခုကို ရရှိလာဦးမယ်လို့ သိရပါတယ်။ ဒါကတော့ Guest Mode Feature ပဲဖြစ်ပါတယ်။

ဖြစ်နိုင်တာကတေ့ာ အဆိုပါ Guest Mode Feature ဟာ လက်ရှိ Chrome Browser နဲ့တခြားသော Google App တွေမှာပါဝင်တဲ့ Incognito Mode နဲ့ ဆင်တူမှာဖြစ်တယ်လို့ ယူဆရပါတယ်။ အဲ့ဒီအတွက် Guest Mode ကို အသုံးပြုနေတဲ့အချိန်မှာ ခိုင်းစေတဲ့ Command တွေနဲ့ ရှာဖွေတဲ့ Search Result တွေကို Google Account မှာသိမ်းဆည်းထားမှာမဟုတ်ပါဘူး။

Google ရဲ့ Blog Post မှာ ပြောကြားချက်အရတော့ အဆိုပါ Guest Mode Feature ကို လာမယ့်ရက်သတ္တပတ်အတွင်းမှာ အသုံးပြုနိုင်အောင် Update ထုတ်ပေးသွားမယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း Guest Mode ကို Activate ပြုလုပ်ဖို့အတွက်ကတော့ Voice Command နဲ့ ပြုလုပ်ရမလား၊ Setting ထဲမှာ Toggle ပါဝင်လာမလားဆိုတာကတော့ အတိအကျမသိရှိရသေးပါဘူး။

ဘာပဲဖြစ်ဖြစ် Google Assistant ကို အသုံးပြုနေတဲ့သူတွေအတွက်ကတော့ ဒီလိုမျိုး Guest Mode Feature က အသုံးဝင်လာမှာဖြစ်ပါတယ်။

Ref – Gizmo China