Grammar Check ဟာ လူတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ Feature ဆိုရင်လည်း မမှားပါဘူး။ အထူးသဖြင့် လုပ်ငန်းခွင်ဝင်နေသူတွေနဲ့ ပညာသင်ကြားနေသူတွေအတွက် Grammar Check ဟာ တိုးတက်မှုတွေကို ယူဆောင်လာပေးတာ အမှန်ပါပဲ။ ဒီ Feature ဟာ Pixel မှာပဲ ရခဲ့တာဆိုပေမဲ့ အခုအချိန်မှာ အခြား Android တွေဆီလည်း ရောက်လာတော့မှာ ဖြစ်ပါတယ်။
Google ဟာ အခြား Android တွေရဲ့ Gboard မှာလည်း Grammar Check feature ကို ထည့်သွင်းပေးနိုင်ဖို့ လုပ်ဆောင်နေပြီလို့ သိရပါတယ်။ Grammar Check ပြုလုပ်မှုက Real-time ဖြစ်တဲ့အတွက် စာရိုက်နေတဲ့အချိန်အတွင်းမှာပဲ အမှားကို ပြင်ဆင်နိုင်မှာပါ။ Google ဟာ Grammarly app ရဲ့ အဖြေကိုလည်း ထည့်သွင်းစဉ်းစားမယ်လို့ ဆိုပါတယ်။
Grammar Check ဟာ သဒ္ဒါအမှားအယွင်းတစ်ခုကိုတွေ့တဲ့အခါ အဆိုပါအမှားကို အပြာရောင်မျဉ်းသားပြီးပြသမှာဖြစ်သလို အမှားပြင်ဆင်ဖို့အတွက် အကြံပြုချက်လည်း ပြသပေးမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် လိုအပ်တဲ့နေရာမှာ ကော်မာထည့်ဖို့ပျက်ကွက်ရင်၊ ဒါမှမဟုတ် မလိုအပ်တဲ့နေရာမှာ ကော်မာထည့်ထားရင် အချိန်နဲ့တပြေးညီ သတိပေးတာမျိုး ဖြစ်ပါတယ်။
“Gboard ပေါ်က သဒ္ဒါအမှားပြင်ဆင်ခြင်း Feature သစ်ဟာ စာလုံးပေါင်းသတ်ပုံအမှားအယွင်းစစ်ဆေးတာထက်ပိုပြီး၊ အသုံးပြုသူရဲ့ သဒ္ဒါဆိုင်ရာအမှားအယွင်းတွေကို ရှာဖွေပြီး အတွေးတွေကိုပိုပြီး သက်ဝင်လာ၊ ကောင်းမွန်မြင့်တက်လာစေမဲ့ အကြံပြုချက်တွေကိုပေးဆောင်ဖို့ လုံးလုံးလျားလျား လုပ်ဆောင်သွားမယ်” လို့ Google က ပြောပါတယ်။
Grammar အမှားကို အချိန်နဲ့တပြေးညီပြင်ဆင်ဖို့အတွက် Gboard မှာ Grammar Check ကို Enable လုပ်ထားဖို့ လိုအပ်ပါတယ်။ ဒီအတွက် Gear icon ကို နှိပ်ပြီး Setting ကို ဝင်ရပါမယ်။ ပြီးရင် List မှာ Text correction ကို နှိပ်ပြီး အောက်က Grammar check ကို တွေ့တဲ့အထိ ဆွဲချသွားရပါမယ်။ ပြီးရင်တော့ ဒီ Toggled ကို သေချာပေါက် On ထားရမှာ ဖြစ်ပါတယ်။
Ref: Phone Arena