Google က Docs, Sheets နဲ့ Slides တို့လို အဓိက ပလက်ဖောင်းတွေရဲ့ Side Bar မှာ Gemini AI ကို ထည့်သွင်းပေးထားပြီး အခုတော့ Gmail ကို ရောက်လာပါပြီ။

Google brings Gemini to the Gmail side panel

အဲဒီ ဝန်ဆောင်မှုမှာ Gemini 1.5 Pro မော်ဒယ်ကို အသုံးပြုထားပြီး AI က အီးမေးတွေရဲ့ အကျဉ်းချုပ်ကို ပြသပေးတာ၊ စာပြန်ဖို့အတွက် အကြံပေးတာ၊ အီးမေးကို Draft ထဲ ထည့်ဖို့ ကူညီတာနဲ့ အီးမေးမှာ သတင်းအချက်အလက်‌တွေ ရှာဖွေတာတို့ကို ပြုလုပ်ပေးနိုင်ပါတယ်။

Google brings Gemini to the Gmail side panel

Gemini ကို “ နောက် အစည်းအဝေးဟာ ဘယ်နေ့လဲ?” စသဖြင့် မေးမြန်းနိုင်ပြီး Gmail ကနေ ထွက်စရာ မလိုဘဲ အဖြေကို ရရှိမှာ ဖြစ်ပါတယ်။

ဒီနေ့ကစတင်ကာ Android နဲ့ iOS မှ Gmail App မှာလည်း Gemini ကို အသုံးပြုနိုင်ပြီ ဖြစ်ပြီး အီးမေးတွေကို အကျဉ်းချုပ်ပေးတာနဲ့ အီးမွေးတွေကို လေ့လာဆန်းစစ်တာတွေ ပြုလုပ်နိုင်ပါတယ်။ သေးငယ်တဲ့ Screen မှာ ရှည်လျားတဲ့ အီးမေးတွေကို ဖတ်ရတဲ့ အချိန်ကြာတာကို လျှော့ချပေးနိုင်ပါတယ်။ Contextual Smart Reply နဲ့ Gmail Q&A စတဲ့ Feature တွေကို မကြာခင်မှာ မိုဘိုင်း ဖုန်းတွေအတွက် ဖြန့်ချိပေးမှာပါ။

Ref : gsmarena