Google ကနေ ပုံမှန် နှစ်စဥ်မေလဝန်းကျင်မှာ Google I/O Developer Conference နဲ့အတူ Android Version အသစ်ကို ကြေညာပြီး Public Beta ကိုပါ ထုတ်ပေးလေ့ရှိပါတယ်။ ဒါပေမယ့် ယခုနှစ်မှာတော့ လက်ရှိဖြစ်ပွားနေတဲ့ COVID-19 ဗိုင်းရပ်စ်ကြောင့် Google I/O Event ကို ဖျက်သိမ်းလိုက်တဲ့အပြင် Android 11 Public Beta ကို ထုတ်ပေးမယ့်အချိန်ကိုပါ ရွေ့ဆိုင်းလိုက်ပါပြီ။

ဘာကြောင့်လဲဆိုရင် Google ရဲ့ ပြောင်းလဲကြေညာချက်အရ Android 11 အတွက် ပထမဆုံး Public Beta ကို လာမယ့် ဇွန်လ ၃ ရက်နေ့မှ ထုတ်ပေးသွားတော့မှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါအချိန်ကြမှ Android 11 မှာ ဘယ်လိုမျိုး Feature တွေပါဝင်မလဲဆိုတာကိုပါ Livestream Event နဲ့ ပြောကြားသွားမှာဖြစ်ပါတယ်။

အဲ့ဒီအတွက် Google ကနေ လက်ရှိ Android 11 အတွက် ပုံမှန် Developer Preview Version ၃ ခုထုတ်ပေးပြီး Public Beta ကို ထုတ်ပေးဖို့ နောက်ရွေ့ဆိုင်းလိုက်ရတဲ့အတွက် Developer Preview ကိုပဲ ၄ ခုမြောက် Version အနေနဲ့ ထပ်မံထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ Version 4 ဟာ ယခင် Developer Preview တွေနဲ့ယှဥ်ရင်တော့ ပိုပြီး Stable ဖြစ်လာပေမယ့် Public Beta နဲ့ Stable Version တွေလောက်တော့ Error မရှိပဲ နေ့စဥ်အသုံးပြုနိုင်ဦးမှာမဟုတ်ပါဘူး။

Android 11 ဟာ လာမယ့် ဇွန်လမှာ ပထမဆုံး Public Beta အပြင် နောက်ထပ် ဇူလိုင်လနောက်ပိုင်းမှာထွက်ရှိလာမယ့် Stable Update မတိုင်ခင် Public Beta Version ၂ ခု ထပ်မံထုတ်ပေးသွားဦးမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Public Beta စုစုပေါင်း Version ၃ ခုပြီးမှ Stable Update ထွက်ရှိလာမှာဖြစ်ပါတယ်။

တစ်ခုရှိတာကတော့ အခု Android 11 Update ဟာ Google Pixel ဖုန်းတွေအတွက် အဓိကဖြစ်တဲ့အတွက် ကျန်တဲ့ Device တွေအနေနဲ့ ဘယ်အချိန်မှ Android 11 Update ရမလဲဆိုတာကို ပြောဖို့ခက်နေပါသေးတယ်။

Ref – GSM Arena