[Unicode]

Google Duo မှာ လုပ်ဆောင်ချက် အသစ်တွေ ထည့်သွင်းပေးနေပြီး အခုတော့ Notes လုပ်ဆောင်ချက်ကို အသုံးပြုနိုင်ပါပြီ။ Google က Duo ကို Android ရဲ့ Built-in Video Messaging Platform အဖြစ် ထည့်သွင်းပေးထားပါတယ်။ အရင်ကတော့ Google Duo မှာ Voice Calls , Video Calls တွေကို အသုံးပြုနိုင်သလို Voice , Video တွေကို Record လုပ်ပြီး Messages အနေနဲ့ ပေးပို့တဲ့ လုပ်ဆောင်ချက်လည်း ပါပါတယ်။

ဒါပေမယ့် အသံထွက်တဲ့ Messages တွေဟာ တချို့ အခြေအနေတွေအတွက် မကောင်းပါဘူး။ အဲဒီအတွက် Google က Notes လုပ်ဆောင်ချက် အသစ်ကို ဖန်တီးပေးလိုက်တာဖြစ်ပါတယ်။ Recording Menu အောက်မှာ Notes လို့ရေးထားတဲ့ Tab အသစ် ၁ ခုပေါ်လာပြီး Stories နဲ့တူတဲ့ Canvas မှာ စာသားတွေကို ရေးသားနိင်ပါတယ်။ Voice နဲ့ Video တွေလိုပဲ Notes ဟာ ၂၄ နာရီကျော်သွားရင် အလိုလို ပျက်သွားမှာ ဖြစ်ပါတယ်။

Google က Duo ကို လူသုံးများအောင် ကြိုးစားနေပါတယ်။ ဖုန်း နံပါတ် မလိုဘဲ အီးမေး လိပ်စာကို သုံးပြီး ဖုန်းခေါ်ဆိုနိုင်မယ့် လုပ်ဆောင်ချက်ကို မကြာသေးခင်ကပဲ ဖြန့်ချိပေးခဲ့ပါတယ်။ iOS နဲ့ Android ၂ ခုစလုံးအတွက် Messages တွေကို End-to-end Encryption ပြုလုပ်ပေးနိုင်ပြီး Web အခြေပြု Desktop Interface ကို ဖန်တီးပေးထားပါတယ်။ Notes လုပ်ဆောင်ချက် အသစ်ကို သုံးဖို့ နောက်ဆုံးထုတ် ဗားရှင်းကို အောက်မှာ ရယူနိုင်ပါတယ်။

Download

Android

iOS

ref : gsmarena

[Zawgyi]

Google Duo မွာ Notes လုပ္ေဆာင္ခ်က္ ပါလာ

Google Duo မွာ လုပ္ေဆာင္ခ်က္ အသစ္ေတြ ထည့္သြင္းေပးေနၿပီး အခုေတာ့ Notes လုပ္ေဆာင္ခ်က္ကို အသုံးျပဳႏိုင္ပါၿပီ။ Google က Duo ကို Android ရဲ႕ Built-in Video Messaging Platform အျဖစ္ ထည့္သြင္းေပးထားပါတယ္။ အရင္ကေတာ့ Google Duo မွာ Voice Calls , Video Calls ေတြကို အသုံးျပဳႏိုင္သလို Voice , Video ေတြကို Record လုပ္ၿပီး Messages အေနနဲ႔ ေပးပို႔တဲ့ လုပ္ေဆာင္ခ်က္လည္း ပါပါတယ္။

ဒါေပမယ့္ အသံထြက္တဲ့ Messages ေတြဟာ တခ်ိဳ႕ အေျခအေနေတြအတြက္ မေကာင္းပါဘူး။ အဲဒီအတြက္ Google က Notes လုပ္ေဆာင္ခ်က္ အသစ္ကို ဖန္တီးေပးလိုက္တာျဖစ္ပါတ    ယ္။ Recording Menu ေအာက္မွာ Notes လို႔ေရးထားတဲ့ Tab အသစ္ ၁ ခုေပၚလာၿပီး Stories နဲ႔တူတဲ့ Canvas မွာ စာသားေတြကို ေရးသားနိင္ပါတယ္။ Voice နဲ႔ Video ေတြလိုပဲ Notes ဟာ ၂၄ နာရီေက်ာ္သြားရင္ အလိုလို ပ်က္သြားမွာ ျဖစ္ပါတယ္။

Google က Duo ကို လူသုံးမ်ားေအာင္ ႀကိဳးစားေနပါတယ္။ ဖုန္း နံပါတ္ မလိုဘဲ အီးေမး လိပ္စာကို သုံးၿပီး ဖုန္းေခၚဆိုႏိုင္မယ့္ လုပ္ေဆာင္ခ်က္ကို မၾကာေသးခင္ကပဲ ျဖန႔္ခ်ိေပးခဲ့ပါတယ္။ iOS နဲ႔ Android ၂ ခုစလုံးအတြက္ Messages ေတြကို End-to-end Encryption ျပဳလုပ္ေပးႏိုင္ၿပီး Web အေျချပဳ Desktop Interface ကို ဖန္တီးေပးထားပါတယ္။ Notes လုပ္ေဆာင္ခ်က္ အသစ္ကို သုံးဖို႔ ေနာက္ဆုံးထုတ္ ဗားရွင္းကို ေအာက္မွာ ရယူႏိုင္ပါတယ္။

Download

Android

iOS

ref : gsmarena