Google ရဲ့ Gboard Keyboard ဟာ လက်ရှိ Mobile Device တွေထဲမှာ အသုံးပြုသူတွေအများအပြားရှိနေတဲ့ Keyboard တစ်ခုလို့ ပြောလို့ရပါတယ်။ အခုလည်း Google ကနေ စာရိုက်တဲ့အချိန်မှာ Emoji တွေကို ထည့်သွင်းတတ်တဲ့သူတွေအတွက် Feature အသစ်ကို ထည့်သွင်းပေးသွားတော့မှာပါ။

ဒါကတော့ Google ရဲ့ Gboard ကို အသုံးပြုနေတယ်ဆိုရင် Keyboard ရဲ့ အပေါ်ဘက်မှာ Text Suggestion ၊ Quick Shortcut တွေအပြင် Emoji Bar ကိုပါ ထည့်သွင်းပေးလိုက်တာဖြစ်ပါတယ်။ အဲ့ဒီအတွက် အသုံးအများဆုံး Emoji တွေကို အဆိုပါ Emoji Bar မှာထည့်သွင်းထားပြီး အလွယ်တကူ Emoji တွေကို ရွေးချယ်အသုံးပြုနိုင်မှာပါ။

တကယ်လို့ အဆိုပါ Emoji Bar ကို အသုံးမပြုချင်ဘူးဆိုရင်လည်း ဖယ်ရှားထားနိုင်ပြီးတော့ ကိုယ့်စိတ်ကြိုက် Emoji တွေအပြင် အသုံးအများဆုံး Emoji တွေကိုပါ အဆိုပါ Emoji Bar မှာထည့်သွင်းထားမယ်လို့ သိရပါတယ်။ လောလောဆယ်မှာတော့ ယခု Emoji Bar Feature ဟာ စမ်းသပ်ဆဲဖြစ်နေတဲ့အတွက် နောက်ပိုင်းမှပဲ Gboard Update နဲ့အတူ အသုံးပြုလာနိုင်မယ်လို ခန့်မှန်းရပါတယ်။

ဒါတင်မဟုတ်သေးဘဲ Gboard မှာပါဝင်တဲ့ Google Web Search အတွက် G Logo ကိုလည်း Default အနေနဲ့ Keyboard အပေါ် Bar တန်းမှာ ဖော်ပြသွားတော့မှာမဟုတ်ဘဲ Setting ဘေးက “…” Icon နဲ့ More ကို နှိပ်ပြီးပဲ Google Web Search ကို အသုံးပြုနိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် အခုလိုမျိုး ပြောင်းလဲမှုတွေက Google Gboard အသုံးပြုတဲ့သူတွေအတွက် ပိုပြီး အဆင်ပြေစေလာမယ်လို့ ယူဆရပါတယ်။

Ref – Giz China