Google က နောက်မျိုးဆက် AI မော်ဒယ် ဖြစ်တဲ့ Gemini 2.0 ကို ကြေညာလိုက်ပြီး ဓါတ်ပုံနဲ့ အသံ ထုတ်ပေးနိုင်ပါတယ်။ Agentic AI မော်ဒယ်တွေ ထည့်သွင်းထားပြီး လူတွေ ကိုယ်စား ဆုံးဖြတ်ချက်ချတာနဲ့ အလုပ်လုပ်တာတွေ ပြုလုပ်နိုင်ပါတယ်။ ဥပမာ အနေနဲ့ ဈေးဝယ်တဲ့ စာရင်းလုပ်တာ၊ အစည်းအဝေး လုပ်တာတွေကို စီစဉ်ပေးနိုင်ပါတယ်။

Google Gemini 2.0 announced with multimodal image and audio output, agentic AI features

Gemini 2.0 ဟာ Clash of Clans လို ဂိမ်းကစားရင် အကြံပေးတာ ကနေ ဈေးဝယ်ရမယ့် ပစ္စည်းတွေကို ရွေးပေးတာ အပါအဝင် ကဏ္ဍမျိုးစုံမှာ သင့်ကို ကူညီပေးနိုင်ပါတယ်။ စာရိုက်ထည့်လိုက်တာနဲ့ သူက အလိုအလျှောက် အလုပ်လုပ်ပေးမှာပါ။

Gemini 2.0 က သင့် ရည်မှန်းချက်တွေ အောင်မြင်အောင် ကူညီပေးနိုင်ပါတယ်။ ဥပမာ အနေနဲ့ သူက သင်လမ်းလျှောက်သင့်တဲ့ ခြေလှမ်း အရေအတွက်ကို အကြံပြု ပြသပေးနိုင်ပါတယ်။

Gemini 2.0 မှာ Project Astra အမည်ရ Agent ပါလာပြီး Android ဖုန်းတွေအတွက် Universal AI Assistant ဖြစ်ပါတယ်။ အဲဒီမှာ Google Search , Lens နဲ့ Maps ထည့်သွင်းထားပါတယ်။

Project Mariner က Web Browser ထဲမှာ အလိုအလျှောက် Navigate လုပ်နိုင်တဲ့ စမ်းသပ်ဆဲ AI Agent ဖြစ်ပါတယ်။ Mariner ကို Chrome Extension အနေနဲ့ “Trusted Testers” တွေ အသုံးပြုနိုင်ပါတယ်။

Gemini 2.0 Flash ဟာ Google ရဲ့ အသစ်စက်စက် AI မော်ဒယ် ဖြစ်ပါတယ်။ သင်္ချာနဲ့ Coding အပိုင်းမှာ Gemini 1.0 , 1.5 မော်ဒယ်ထက်ပိုကောင်းလာပါတယ်။ သူက Google DeepMind’s Imagen 3 Text-to-image Model ကို အသုံးပြုကာ ဓါတ်ပုံတွေ ထုတ်ပေးနိုင်ပါတယ်။

Gemini 2.0 Flash Experimental ကို Web မှာ အသုံးပြုနိုင်ပြီ ဖြစ်ပြီး မကြာခင်မှာ Mobile Gemini App မှာ သုံးနိုင်မှာပါ။ Web မှာ Dropdown Menu ကို နှိပ်ကာ Gemini 2.0 Flash Experimental ကို ရွေးနိုင်ပါတယ်။

Ref: Gsmarena