Unicode

Google ကနေ နှစ်စဥ် မေလဝန်းကျင်မှာ Android Version အသစ်အပြင် Product အသစ်တွေကိုပါ ကြေညာတဲ့ Google I/O Developer Conference ကို ပြုလုပ်နေကျ ဖြစ်ပါတယ်။ ဒီနှစ်အတွက် Google I/O 2020 ကျင်းပမယ့်အချိန်ကိုလည်း Google နဲ့ Alphabet ကုမ္ပဏီတွေရဲ့ CEO ဖြစ်တဲ့ Sundar Pichai ကနေ တရားဝင် ကြေညာလိုက်ပါပြီ။

ဒီနှစ်မှာတော့ Google I/O 2020 ဟာ လာမယ့် မေလ ၁၂ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ Google ရဲ့ ရုံးချူပ်တည်ရှိရာ Mountain View ၊ California မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီနှစ် Google I/O 2020 အတွက်ကတော့ Teaser Video တွေကြီးကြီးမားမားထုတ်ပြသွားခြင်းမရှိပါဘူး။

မနှစ်တုန်းက ပြုလုပ်ခဲ့တဲ့ Google I/O 2019 မှာဆိုရင် Google က Android Version 10 အပြင် Pixel 3a စမတ်ဖုန်းအသစ်တွေကိုပါ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် ဒီနှစ်မှာလည်း Google ကနေ Pixel 4a စမတ်ဖုန်းအသစ်တွေကို မိတ်ဆက်သွားဖို့ ရာခိုင်နှုန်းများနေပါတယ်။

လက်ရှိသိရှိရတဲ့သတင်းတွေအရတော့ Google ကနေ Pixel 4a စမတ်ဖုန်းတွေကို မနှစ်က Pixel 3a လိုမျိုး တူညီတဲ့ Specs ကို XL Version အနေနဲ့ မိတ်ဆက်လာမှာမဟုတ်ဘဲ Snapdragon 730 Version တစ်မျိုးနဲ့ 5G ကိုပါ Support ပြုလုပ်လာနိုင်တဲ့ Snapdragon 765 Version တစ်မျိုးဆိုပြီး ၂ မျိုး မိတ်ဆက်သွားမယ်လို့လည်း သိရပါတယ်။

မကြာသေးခင်ကလည်း Android 11 ဖြစ်လာမယ့် Android R ကို Google Pixel 4 ဖုန်းပေါ်မှာ စမ်းသပ်နေကြောင်း သတင်းထွက်ပေါ်လာတဲ့အတွက် Android R ကိုလည်း ဒီ Google I/O မှာ တရားဝင်မိတ်ဆက်လာနိုင်ပါတယ်။ ဒါ့အပြင် Pixel စမတ်ဖုန်းတွေအတွက်လည်း Beta Version တွေကို စတင်ထုတ်ပေးလာနိုင်ဖွယ်ရှိနေပါတယ်။

ဘာပဲဖြစ်ဖြစ် မနှစ်တုန်းက Pixel 3a ဖုန်းတွေက အောင်မြင်မှုရရှိခဲ့သလိုပဲ ဒီနှစ် Pixel 4a ဖုန်းတွေကလည်း အလားတူ အောင်မြင်မှုရလာနိုင်မလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Android Authority

Zawgyi

Google ကေန ႏွစ္စဥ္ ေမလဝန္းက်င္မွာ Android Version အသစ္အျပင္ Product အသစ္ေတြကိုပါ ေၾကညာတဲ့ Google I/O Developer Conference ကို ျပဳလုပ္ေနက် ျဖစ္ပါတယ္။ ဒီႏွစ္အတြက္ Google I/O 2020 က်င္းပမယ့္အခ်ိန္ကိုလည္း Google နဲ႔ Alphabet ကုမၸဏီေတြရဲ႕ CEO ျဖစ္တဲ့ Sundar Pichai ကေန တရားဝင္ ေၾကညာလိုက္ပါၿပီ။

ဒီႏွစ္မွာေတာ့ Google I/O 2020 ဟာ လာမယ့္ ေမလ ၁၂ ရက္ေန႔ကေန ၁၄ ရက္ေန႔အထိ Google ရဲ႕ ႐ုံးခ်ဴပ္တည္ရွိရာ Mountain View ၊ California မွာ ျပဳလုပ္သြားမွာျဖစ္ပါတယ္။ ဒီႏွစ္ Google I/O 2020 အတြက္ကေတာ့ Teaser Video ေတြႀကီးႀကီးမားမားထုတ္ျပသြားျခင္းမရွိပါဘူး။

မႏွစ္တုန္းက ျပဳလုပ္ခဲ့တဲ့ Google I/O 2019 မွာဆိုရင္ Google က Android Version 10 အျပင္ Pixel 3a စမတ္ဖုန္းအသစ္ေတြကိုပါ မိတ္ဆက္ခဲ့တာျဖစ္ပါတယ္။ အဲ့ဒီအတြက္ ဒီႏွစ္မွာလည္း Google ကေန Pixel 4a စမတ္ဖုန္းအသစ္ေတြကို မိတ္ဆက္သြားဖို႔ ရာခိုင္ႏႈန္းမ်ားေနပါတယ္။

လက္ရွိသိရွိရတဲ့သတင္းေတြအရေတာ့ Google ကေန Pixel 4a စမတ္ဖုန္းေတြကို မႏွစ္က Pixel 3a လိုမ်ိဳး တူညီတဲ့ Specs ကို XL Version အေနနဲ႔ မိတ္ဆက္လာမွာမဟုတ္ဘဲ Snapdragon 730 Version တစ္မ်ိဳးနဲ႔ 5G ကိုပါ Support ျပဳလုပ္လာႏိုင္တဲ့ Snapdragon 765 Version တစ္မ်ိဳးဆိုၿပီး ၂ မ်ိဳး မိတ္ဆက္သြားမယ္လို႔လည္း သိရပါတယ္။

မၾကာေသးခင္ကလည္း Android 11 ျဖစ္လာမယ့္ Android R ကို Google Pixel 4 ဖုန္းေပၚမွာ စမ္းသပ္ေနေၾကာင္း သတင္းထြက္ေပၚလာတဲ့အတြက္ Android R ကိုလည္း ဒီ Google I/O မွာ တရားဝင္မိတ္ဆက္လာႏိုင္ပါတယ္။ ဒါ့အျပင္ Pixel စမတ္ဖုန္းေတြအတြက္လည္း Beta Version ေတြကို စတင္ထုတ္ေပးလာႏိုင္ဖြယ္ရွိေနပါတယ္။

ဘာပဲျဖစ္ျဖစ္ မႏွစ္တုန္းက Pixel 3a ဖုန္းေတြက ေအာင္ျမင္မႈရရွိခဲ့သလိုပဲ ဒီႏွစ္ Pixel 4a ဖုန္းေတြကလည္း အလားတူ ေအာင္ျမင္မႈရလာႏိုင္မလားဆိုတာကို ဆက္လက္ေစာင့္ၾကည့္ရမွာပါ။

Ref – Android Authority