Android စမတ်ဖုန်း ထုတ်လုပ်တဲ့ ကုမ္ပဏီ တချို့ဟာ Power Button Menu မှာ Power Off, Restart အပြင် အလုပ်တွေ လုပ်တာ၊ Voice Assistant ကို ဆင့်ခေါ်တာလို လုပ်ဆောင်ချက်တွေ ထည့်သွင်းလာကြပါတယ်။ အခုတော့ Google ကလည်း Android 11 ရဲ့ Power Button Menu မှာ လုပ်ဆောင်ချက်တွေ ထည့်သွင်းပေးတော့မယ်လို့ သတင်းထွက်လာပါတယ်။ ပေါက်ကြားထွက်ပေါ်လာတဲ့ အောက်က ဓါတ်ပုံတွေကို လေ့လာနိုင်ပါတယ်။

Emergency Calls နဲ့ Power Off ခလုတ်တွေကို ထိပ်ဖက်ကို ပို့လိုက်ပြီး အောက်မှာ Smart Home Controls ၊ ဘဏ် သတင်းအချက်အလက်တွေ ပါတဲ့ Wallet ကို တွေ့ရပါတယ်။ Smart Home Controls တွေကနေ နေအိမ်က မီးလုံးတွေ၊ လုံခြုံရေး ကင်မရာတွေကို ထိန်းချုပ်နိုင်ပါတယ်။ ၁ ချက်နှိပ် ဒါမှမဟုတ် ဖိထားရင် ထိန်းချုပ်နိုင်သလို သက်ဆိုင်ရာ App ကို ဖွင့်ပေးနိုင်ပါတယ်။ ဒါ့အပြင် တခြား Options တွေကို ပြသပေးမှာ ဖြစ်ပါတယ်။

Power Button Menu ကို Third-party Apps တွေနဲ့ Customize ပြုလုပ်နိုင်မလားဆိုတာ မသိရသေးပါဘူး။ Google က Android 11 Beta ကို မကြာခင် ကြေညာတော့မှာ ဖြစ်တဲ့အတွက် အဲဒီ သတင်းအချက်အလက်တွေကို သိလာရတော့မှာပါ။

Ref : gsmarena