Google က Android ဖုန်းတွေအတွက် Theft Detection Lock, Offline  Device Lock နဲ့ Remote Lock စတဲ့ လုံခြုံရေး Feature တွေကို ထည့်သွင်းပေးနေပါတယ်။ Remote Lock က အသစ် မဟုတ်ဘဲ ကျန်တဲ့ Feature ၂ ခုက အသစ် ဖြစ်ပါတယ်။

Theft Detection Lock က AI ကို အသုံးပြုထားကာ ဖုန်း ခိုးယူခံရတာကို ဖုန်း ဆန်ဆာတွေက အာရုံခံနိုင်ပါတယ်။ ဥပမာ အနေနဲ့ တစ်စုံတစ်ယောက်က သင့်ဖုန်းကို လုယူပြီး ထွက်ပြေးသွားတာကို သိပြီး Lock လုပ်ပေးနိုင်ပါတယ်။ စက်ဘီး၊ ကားနဲ့ ထွက်ပြေးသွားတာကိုလည်း သိနိုင်ပါတယ်။

Offline Device Lock က သင့်ဖုန်းကို ခိုးယူထားသူဟာ အချိန်အကြာကြီး အင်တာနက် ပိတ်ထားရင်  Lock လုပ်ပေးနိုင်ပါတယ်။

Remote Lock က Find My Device ပိတ်ထားရင်၊ သင့် Google အကောင့်ကို Login ဝင်လို့ မရရင် သင့် ဖုန်းနံပါတ်နဲ့ အဝေးကနေ ဖုန်းကို Lock လုပ်နိုင်ပါတယ်။

Google က ဘယ်ဖုန်းတွေကို အဲဒီ Feature တွေ ထည့်သွင်းပေးနေသလဲ ဆိုတာ မသိရသေးပါဘူး။ သင့်ဖုန်းမှာ Google Play Service နောက်ဆုံး ဗားရှင်းကို ထည့်သွင်းထားသင့်ပါတယ်။

Ref: gsmarena