Google ဟာ ပြီးခဲ့တဲ့လပိုင်းတုန်းက ပထမဆုံးအနေနဲ့ ကိုယ်ပိုင် Tensor Chipset ကို အသုံးပြုထားတဲ့ Pixel 6 Series ဖုန်းတွေကို မိတ်ဆက်ခဲ့ပါတယ်။ အခုနောက်ဆုံးသိရှိရတဲ့သတင်းတွေအရ Google ကနေ ကိုယ်ပိုင် Pixel Smartwatch ကိုပါ လာမယ့် ၂၀၂၂ ခုနှစ်မှာ မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။

အဆိုပါ သတင်းကို Insider ကနေ ဖော်ပြခဲ့တာဖြစ်ပြီး Pixel Smartwatch ဟာ ပထမဆုံးကိုယ်ပိုင် In-house Smartwatch ဖြစ်လာမယ်လို့ သိရပါတယ်။ ဒါကြောင့် Pixel Smartwatch မှာလည်း Pixel 6 Series ဖုန်းတွေလိုမျိုး Design အသစ်ကိုမှ ကိုယ်ပိုင် Processor အသုံးပြုလာဖွယ်ရှိနေပါတယ်။

Google ဟာ WearOS နာမည်နဲ့ Android ဖုန်းတွေအတွက် Smartwatch Platform တစ်ခုကို ၂၀၁၄ ခုနှစ်ထဲက မိတ်ဆက်ထားခဲ့တာဖြစ်ပြီး အခုဆိုရင် Samsung Smartwatch တွေမှာ အသုံးပြုနေတဲ့ Tizen OS နဲ့ပါ ပူးပေါင်းလိုက်ပြီဖြစ်ပါတယ်။ ဒါကြောင့် Software ပိုင်းမှာတော့ Google က နေရာတစ်ခုရရှိပြီးဖြစ်ပါတယ်။

အခုထွက်ရှိလာမယ့် Pixel Smartwatch ကို ယခုနှစ်အတွင်းမှာ Google က ဝယ်ယူထားတဲ့ Fitbit ကုမ္ပဏီရဲ့ သီးသန့် Hardware Group ကနေ ထုတ်လုပ်နေတာဖြစ်ပြီး Codename အနေနဲ့ Rohan လို့ ပေးထားတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း လက်ရှိအချိန်အထိ တရားဝင်ခေါ်ဆိုသွားမယ့် နာမည်ကို မသတ်မှတ်ရသေးတာကြောင့် Pixel Watch အစား တခြားသော နာမည်လည်းဖြစ်လာနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် Google ဟာ Pixel Watch ကို လာမယ့်နှစ်မှာ တရားဝင်မိတ်ဆက်သွားဖို့ကတော့ သေချာနေပြီဖြစ်ပါတယ်။

Ref – The Verge