World Emoji Day ဟာ ဇူလိုင်လ ၁၇ ရက်နေ့မှာ ကျရောက်ခဲ့ပြီး Google က Gboard Keyboard App မှာ Emoji Shortcut Bar ထည့်သွင်းပေးမယ်လို့ ကြေညာလိုက်ပါတယ်။ Engadget က မျှဝေထားတဲ့ GIF အရ အဲဒီ Bar ဟာ Numbers Bar ရဲ့ အထက်က Autocorrect/Features Bar ရဲ့ ညာဘက်ဘေးမှာတည်ရှိမှာ ဖြစ်ပါတယ်။ User က Emoji Bar ကို Enable လုပ်ထားမှ မြင်ရမှာ ဖြစ်ပါတယ်။

လက်ရှိမှာ Gboard က Emojis တွေကို အသုံးပြုရတာ အလုပ်ရှုပ်ပါတယ်။ User က Symbols နဲ့ Language Button အကြားက Comma Key ကို ဖိထားမှသာ Emoji Panel က ပွင့်လာမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ သင် အလိုရှိတဲ့ Emoji တွေကို လိုက်ရှာပြီး အသုံးပြုနိုင်သလို Search Engine ကနေလည်း အသုံးပြုနိုင်ပါတယ်။

Google က Emojis အသစ် ၁၁၇ ခုကို မိတ်ဆက်ဖို့ ပြင်ဆင်နေပြီး အဲဒီထဲမှာ ကလေးကို နို့ဘူး တိုက်နေတဲ့ လူ၊ မျက်နှာဖုံးစွပ်ထားတဲ့ လူ၊ ညစာစားတဲ့ ဝတ်စုံ ဝတ်ထားတဲ့ လူ စတာတွေ ပါဝင်ပါတယ်။ “The Italian Hand “ လို့ လူသိများကြတဲ့ လက်ချောင်းတွေ စုထားတာ အပါအဝင် Hand Emojis တချို့လည်း ထည့်သွင်းပေးမှာ ဖြစ်ပြီး iOS 14 မှာလည်း အဲဒါ ပါလာပါတယ်။

Ref : gsmarena