Google CEO Sundar Pichai က Google ဟာ Search မှာ AI ကို ကြီးကြီးမားမား ထည့်သွင်းဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။ အခုဆိုရင် Google Search မှာ AI Overview ကို ထည့်သွင်းပေးထားပြီး နောက်ပိုင်းမှာ ကြီးကြီးမားမား ပြောင်းလဲမှုတွေကို ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။
Google ဟာ DeepMind Research Lab ကနေ AI ကို အသုံးပြုမှာ ဖြစ်ပြီး Search ကို သင့်ကိုယ်စား အင်တာနက်ကို ကြည့်နိုင်တဲ့၊ Web Page တွေကို ခွဲခြမ်းစိတ်ဖြာနိုင်တဲ့၊ မေးခွန်းတွေကို ဖြေနိုင်တဲ့ AI Assistant ဖြစ်အောင် ပြုလုပ်မှာ ဖြစ်ပါတယ်။ Pichai က Live Video တွေကို ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ Project Astra နဲ့ သုတေသန ပြုလုပ်နိုင်တဲ့ Gemini Deep Research အကြောင်းကိုလည်း ပြောသွားပါသေးတယ်။
Project Mariner က AI System တစ်ခု ဖြစ်ပြီး သင့်ကိုယ်စား Website တွေကို ကြည့်ပေးနိုင်ပါတယ်။ အဲဒီအတွက် အချိန်ကုန် သက်သာသွားစေမှာ ဖြစ်ပါတယ်။ Google က Search မှာ Follow-up Question တွေကို ဖြေပေးနိုင်တဲ့ စွမ်းရည်ကိုလည်း ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။
မကြာခင်မှာတော့ Google Search ကို AI Assistant လို အသုံးပြုနိုင်တော့မှာ ဆိုတာကို တင်ပြလိုက်ပါတယ်။
Ref : Tech Explorers