Google AI ဟာ အိန္ဒိယမှာ AI အခြေပြု ကျန်းမာရေး စောင့်ရှောက်မှုတွေ ပြုလုပ်ပေးဖို့ Apollo Radiology International နဲ့ ပူးပေါင်းထားပါတယ်။ TB, အဆုတ် ကင်ဆာနဲ့ ရင်သား ကင်ဆာ တို့လို လူသေဆုံးမှုနှုန်း မြင့်မားတဲ့ ရောဂါတွေကို တိုက်ဖျက်ဖို့ ရည်ရွယ်ထားပါတယ်။
TB
ရင်ဘတ် X-ray ဓါတ်မှန်ကို စစ်ဆေးပေးတဲ့ ဆရာဝန်တွေ အိန္ဒိယမှာ ရှားပါးနေပါတယ်။ အဲဒီအတွက် Google AI က အဲဒီ ဓါတ်မှန်တွေကို စစ်ဆေးပေးကာ TB ရောဂါကို စောစောစီးစီး သိနိုင်အောင် ကူညီပေးပါတယ်။
အဆုတ်နဲ့ ရင်သား ကင်ဆာ
AI က အဆုတ်နဲ့ ရင်သားက အကြိတ်တွေကို လေ့လာစစ်ဆေးပေးပြီး အဆုတ်နဲ့ ရင်သား ကင်ဆာကို စောစောစီးစီး သိနိုင်အောင် ကူညီပေးပါတယ်။
နောက်ဆယ်စုနှစ်အတွင်းမှာ Apollo Radiology International က AI Model တွေကို အသုံးပြုကာ TB ၊ အဆုတ် ကင်ဆာနဲ့ ရင်သား ကင်ဆာကို အကြိမ် ၃ သန်း အခမဲ့ စစ်ဆေးပေးမှာ ဖြစ်ပါတယ်။ အိန္ဒိယက ပြည်သူ သန်းနဲ့ချီကာ အဲဒီရောဂါတွေကို စစ်ဆေးခွင့်ရတော့မှာပါ။
Google.org ဟာ ကိုယ်ဝန်ဆောင်သည်တွေကို အိမ်တိုင်ယာရောက် စစ်ဆေးပေးမယ့် အစီအစဉ်ကိုလည်း ပြုလုပ်ပေးမှာပါ။ ဆရာဝန်တွေ ရှားပါးတဲ့ ဒေသတွေမှာ AI နဲ့ ကျန်းမာရေး စောင့်ရှောက်ပေးတာဟာ အလွန် ထိရောက်တယ်ဆိုတာ သက်သေပြလိုက်တာ ဖြစ်ပါတယ်။
Ref : gizmochina