Google ဟာ ပုံမှန်အားဖြင့် Android Version အသစ်တွေကို နှစ်စဥ်ပြုလုပ်နေကျ Google I/O Event မှာ မိတ်ဆက်နေကျ ဖြစ်ပါတယ်။ ဒါပေမယ့် ယခုနှစ်မှာတော့ COVID-19 ဗိုင်းရပ်စ်ကြောင့် Google I/O Event ကို ပြုလုပ်ဖြစ်ခြင်းမရှိတော့ဘဲ Android Beta Launch Show ကလည်း ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့မှာ ပြုလုပ်ဖို့စီစဥ်ထားပြီး US နိုင်ငံတွင်း မငြိမ်သက်မှုတွေကြောင့် ဖျက်သိမ်းခဲ့ရပြန်ပါတယ်။

အဲ့ဒီအတွက် Google ကနေ Livestream Event တွေပြုလုပ်ခြင်းမရှိတော့ဘဲ Pixel ဖုန်းတွေအတွက် Android 11 Public Beta ကို ချပေးလိုက်ပါပြီ။ အဲ့ဒီအတွက် Pixel 2 Series နောက်ပိုင်း Google Pixel ဖုန်းတွေအသုံးပြုနေတယ်ဆိုရင် Google ရဲ့ Android Beta Program ထဲဝင်ရောက်လိုက်တာနဲ့ Android 11 Update ကို Download ရယူနိုင်တော့မှာဖြစ်ပါတယ်။

Google ရဲ့ ပြောကြားချက်အရတော့ ယခု Android 11 မှာ People ၊ Controls နဲ့ Privacy ဆိုပြီး အဓိကအချက် ၃ ချက်ကို အာရုံစိုက်ထားမှာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် Android 11 မှာ လုံးဝ Gesture ပိုင်းတွေနဲ့ UI ပိုင်းကြီးကြီးမားမားပြောင်းလဲမှုတွေရှိမှာမဟုတ်ပါဘူး။

People အနေနဲ့ကတော့ ပုံမှန် Notifications နေရာမှာ ယခင်တုန်းကအတိုင်း Alerting နဲ့ Silent Notification တွေအပြင် Messages တွေကို Conversation ဆိုပြီး ပြောင်းလဲဖော်ပြသွားတော့မှာဖြစ်ပါတယ်။ အဆိုပါ Conversation Messages တွေကို ဘယ် App ကနေပဲ ပေးပို့ပါစေ၊ Messenger Chat-head လိုမျိုး Bubble အနေနဲ့ ဖော်ပြနိုင်မယ့်အပြင် ကိုယ့်စိတ်ကြိုက် Conversation တွေကိုလည်း Priority ထားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ Keyboard Suggestion တွေကိုလည်း သိသိသာသာပိုကောင်းလာအောင် အဆင့်မြှင့်တင်ထားတယ်လို့ ပြောကြားထားပါတယ်။

Controls ပိုင်းမှာကတော့ Power Button ကိုဖိထားလိုက်တာနဲ့ ပုံမှန် Power Off ၊ Restart နဲ့ Emergency လိုမျိုး Button တွေအပြင် Google Home နဲ့ ချိတ်ဆက်ထားတဲ့ Smart Devices တွေ၊ Google Pay Card တွေကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် တကယ်လို့ အိမ်ကို Smart Home Devices တွေနဲ့ပြင်ဆင်ထားတယ်ဆိုရင် Power Button ကို ဖိထားလိုက်တာနဲ့တင် အလွယ်တကူထိန်းချူပ်နိုင်တော့မှာဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ Media Control ကိုလည်း Notification တစ်ခုအစား Quick Shortcut Bar မှာ ထည့်သွင်းထားပြီးတော့ ပိုပြီး အလွယ်တကူထိန်းချူပ်နိုင်မယ့်အပြင် Playback Device ကိုလည်း အလွယ်တကူရွေးချယ်နိုင်တော့မှာဖြစ်ပါတယ်။ ဒါပေမယ့် ယခု Feature အတွက်ကတော့ Developer Options ထဲမှာ ဝင်ရောက်ပြီး Enable ပြုလုပ်ထားဖို့ လိုအပ်မယ်လို့ သိရပါတယ်။

ကျန်တဲ့ Privacy ပိုင်းမှာကတော့ Apps တွေအနေနဲ့ Location လိုမျိုး Permission တောင်းချင်တယ်ဆိုရင် Allow Once ဆိုတဲ့ Option အသစ်ပေါ်လာမှာဖြစ်သလို Always Allow ပြုလုပ်ထားဖို့အတွက်ကို အဆိုပါ App ရဲ့ Info Page ထဲဝင်ရောက်ပြီးမှ ပြုလုပ်နိုင်တော့မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Apps တွေအနေနဲ့ Permission ကို အမြဲတမ်းရယူနေဖို့ ခက်ခဲသွားသလို တကယ်လို့ အချိန်တစ်ခုအထိ အသုံးမပြုပဲထားထားတဲ့ App တွေအနေနဲ့လည်း Allow ပြုလုပ်ထားတဲ့ Permission တွေက ပြန်လည်ပိတ်သွားမှာဖြစ်ပြီး အသုံးပြုတဲ့အချိန်ကြမှ Permission ကို ပြန်လည် Request ပြုလုပ်ရတော့မှာပါ။

ဘာပဲဖြစ်ဖြစ် Google ကတော့ ပုံမှန်အတိုင်းဆိုရင် နောက်ထပ် ဇူလိုင်လနဲ့ သြဂုတ်လဆန်းပိုင်းမှာ Public Beta အသစ် ၂ ခုကို ထုတ်ပေးသွားဦးမှာဖြစ်ပြီး သြဂုတ်လအတွင်းမှာ နောက်ဆုံး Android 11 Final Stable Update ကို ထုတ်ပေးသွားမှာဖြစ်ပါတယ်။ ဒါပေမယ့် ယခု Timeline ဟာ Google Pixel ဖုန်းတွေအတွက်ပဲဖြစ်တဲ့အတွက် ကျန်တဲ့ Android ဖုန်းတွေအနေနဲ့ ဘယ်အချိန်မှ Android 11 Update ရနိုင်မလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။

Ref – Android Central