Google Lens ဟာ အခုနောက်ပိုင်းမှာ စမတ်ဖုန်းတွေအတွက် တော်တော်လေးကို အသုံးဝင်တဲ့ Feature တစ်ခုဖြစ်လာပါတယ်။ အဆိုပါ Google Lens ကို အသုံးပြုပြီး Text တွေကို Copy ယူတာ၊ QR Code Scan ဖတ်တာ၊ ကိုယ်သိချင်တဲ့ ပစ္စည်းအကြောင်းကို ဓါတ်ပုံရိုက်လိုက်တာနဲ့တင် ရှာဖွေနိုင်တာတွေကို ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

အခုအချိန်မှာလည်း Google ကနေ Google Lens အတွက် အသုံးဝင်တဲ့ Feature အသစ်တွေကို ထည့်သွင်းပေးလိုက်ပါပြီ။ ဒါကတော့ ကိုယ်ကြိုက်နှစ်သက်တဲ့ စာသားတွေ၊ စာပိုဒ်တွေကို Google Lens နဲ့ Copy ကူးယူပြီး “Listen” ဆိုတာကို နှိပ်လိုက်တာနဲ့တင် Google ကနေ စကားလုံးတစ်လုံးချင်း သို့မဟုတ် စာပိုဒ်တစ်ပုဒ်လုံးကိုပါ ဖတ်ပြသွားမှာဖြစ်ပါတယ်။

 

တကယ်လို့ Google က မဖတ်ပြနိုင်ခဲ့ရင်တော့ အဆိုပါ စာလုံးကို Google ကနေ တစ်ဆင့်ရှာဖွေနိုင်မှာပါ။ ဒါတင်မဟုတ်သေးဘဲ လက်ရေးနဲ့ရေးထားတဲ့ စာသားတွေကိုလည်း Google Lens နဲ့ Scan ဖတ်ယူပြီးတော့ “Copy to Computer” ဆိုတာကို နှိပ်လိုက်တာနဲ့ တဖက် ကွန်ပျူတာမှာ Paste ပြုလုပ်ပြီး ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

ဒါပေမယ့် ဒီလိုမျိုး Copy to Computer Feature ကို အသုံးပြုမယ်ဆိုရင် Chrome Browser ကို အသုံးပြုဖို့လိုအပ်ပြီးတော့ တူညီတဲ့ Google Account ကိုပါ Sign-in ပြုလုပ်ထားရမှာဖြစ်ပါတယ်။ လောလောဆယ်မှာ ယခု Google Lens Feature အသစ်တွေကို Android App မှာစတင်အသုံးပြုနိုင်ပြီဖြစ်ပြီး iOS Version မှာတော့ Text ကို ဖတ်ပြတဲ့ Feature ကလွဲရင် ကျန်တဲ့ Feature တွေကို အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

Ref – GSM Arena