Google ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်ပိုင်းတုန်းက Pixel 4a 5G နဲ့ Pixel 5 စမတ်ဖုန်းတွေကို မိတ်ဆက်ခဲ့ပါတယ်။ အဲ့ဒီထဲမှာမှ Pixel 5 စမတ်ဖုန်းဟာ Aluminum Body အပြင် Bezel-less Design ကို သေချာအသုံးပြုထားတဲ့ Flagship ဖုန်းလို့ ပြောနိုင်ပါတယ်။

Google Pixel 5 ဟာ Aluminum Body မှာ Wireless Charging နဲ့ Reverse Wireless Charging နည်းပညာတွေကို အသုံးပြုနိုင်တဲ့ ပထမဆုံးစမတ်ဖုန်းလည်းဖြစ်ပါတယ်။ ဒါက Glass Body လိုမျိုး ကွဲမှာ၊ အစင်းထင်မှာကို စိုးရိမ်စရာမလိုအပ်ဘဲ Wireless Charging Feature ကို အသုံးပြုနိုင်တဲ့အတွက် တော်တော်လေးကို သဘောကျဖို့ကောင်းတဲ့အချက်လို့ ပြောရမှာပါ။

ဒါတင်မဟုတ်သေးဘဲ Google ဟာ Pixel 5 စမတ်ဖုန်းမှာ တခြားသော Pixel 4a အပါအဝင် Pixel ဖုန်းတွေမှာ အသုံးပြုထားခြင်းမရှိသေးတဲ့ နည်းပညာကို ပထမဆုံးအနေနဲ့ အသုံးပြုထားပါသေးတယ်။ ဒါကတော့ Pixel 5 မှာ Screen အပေါ်ဘက်က Speaker Setup ကို ပုံမှန် Speaker Grill အစား Under Display Speaker နည်းပညာနဲ့ ပြုလုပ်ထားတာပဲဖြစ်ပါတယ်။

အဆိုပါ Under Display Speaker နည်းပညာဟာ အထူးအဆန်းတော့မဟုတ်တော့ဘဲ လက်ရှိ LG နဲ့ Huawei Flagship ဖုန်းတွေမှာ အသုံးပြုနေပြီးသားဖြစ်ပါတယ်။ Sony ကလည်း အခုလိုမျိုး Under Display Speaker ကိုအသုံးပြုထားတဲ့ Flagship TV တွေကို မိတ်ဆက်ခဲ့ပါသေးတယ်။

ဘာပဲဖြစ်ဖြစ် Google Pixel 5 ဖုန်းဟာ Under Display Fingerprint Sensor ကိုတော့ ထည့်သွင်းမယ့်အစား Under Display Speaker Setup ကိုပဲ ရွေးချယ်အသုံးပြုလိုက်ပုံပါပဲ။

Ref – 9to5Google