iPhone 17 Pro နဲ့ 17 Pro Max မှာ Google Pixel ဖုန်းတွေနဲ့ တူတဲ့ ကင်မရာ ဘား ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ iPhone 17 Air မှာလည်း ကင်မရာ ဘား ပါလာမှာ ဖြစ်ပြီး ရိုးရိုး iPhone 17 မှာတော့ ကင်မရာ ဘား မပါလာဘူးလို့ သတင်းထွက်နေပါတယ်။

အခုတော့ Google က Pixel ဖုန်းတွေရဲ့ ကင်မရာ ဘားကို ကော်ပီ ကူးထားတဲ့ iPhone 17 Pro အတွက် Apple ကို လှောင်ပြောင်လိုက်ပါတယ်။ Google ရဲ့ ဗီဒီယိုမှာ ကင်မရာ ဘားကို အတုခိုးထားတာကို လှောင်ပြောင်တဲ့ အပြင် Google က Night Sight ကို ဖန်တီးအပြီးမှာ Apple က iPhone မှာ Night Mode ကို ထည့်သွင်းပေးထားတာကို ဖဲ့ထားပါတယ်။

Google က Magic Eraser ကို ဖန်တီးပြီးနောက်မှာ Apple က Cleanup ကို ပြုလုပ်ပေးတဲ့ အကြောင်း၊ Android မှာ Widgets ကို ထည့်သွင်းပေးပြီး နှစ်များစွာကြာမှ iPhone မှာ Widget ရတဲ့အကြောင်းတွေကို လှောင်ပြောင်ထားပါတယ်။

Cringeworthy Google ad mocks the iPhone 17 design even before it launches

ဗီဒီယိုဟာ Pixel နဲ့ iPhone တို့ သူငယ်ချင်း အနေနဲ့ စကားပြောဆိုတဲ့ Google ရဲ့ ကြော်ငြာစီးရီးရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။

Ref: Gsmarena