Android ဟာ Open Source OS ဖြစ်ပြီး အသုံးပြုသူတွေအနေနဲ့ Google Play Store ကနေမဟုတ်ဘဲ တခြားသော Website နဲ့ App Store တွေဆီကနေလည်း Application တွေကို APK File အနေနဲ့ စိတ်ကြိုက်သွင်းနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် လာမယ့် Android 11 Update နဲ့အတူ Google ကနေ ဒါကို ပြောင်းလဲပစ်ဖို့ ကြိုးစားနေပါပြီ။
ဘာကြောင့်လဲဆိုရင် Android 11 မှာ Google Play မဟုတ်ဘဲ တခြားသော Browser သို့မဟုတ် App ကနေ Third-party APK File ကို Install လုပ်ဖို့အတွက် ပုံမှန်အတိုင်း Permission တောင်းမှာဖြစ်ပြီး တကယ်လို့ Permission ပေးလိုက်ပြီဆိုတာနဲ့ အဆိုပါ APK File ကိုတစ်ဆင့်သွင်းပေးမယ့် Browser သို့မဟုတ် App ကို ပိတ်ချလိုက်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Third-party APK File ကိုသွင်းချင်တယ်ဆိုရင် Permission ပေးပြီးမှာ နောက်တစ်ကြိမ်အစကနေ ပြန်သွင်းဖို့လိုအပ်မှာပါ။
ဒါတင်မဟုတ်သေးဘဲ Android 10 နဲ့ အစောပိုင်း Android Version တွေလိုမျိုး Third-party APK File တွေကို Install ပြုလုပ်ခွင့် Permission ကို အမြဲတမ်းပေးထားနိုင်တော့မှာမဟုတ်ဘဲ Location Access ပုံစံမျိုးပဲ တစ်ကြိမ် သို့မဟုတ် Third-party APK File ကို တစ်ဆင့် Install ပြုလုပ်မယ့် App ကို သုံးနေတုန်းပဲ Permission ရရှိတော့မှာဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် အခုလိုမျိုးပြုလုပ်လိုက်တာက Huawei ကို ပိတ်ပင်ထားတာကြောင့်လည်းဖြစ်နိုင်ပြီးတော့ တစ်ဖက်ကလည်း Google အနေနဲ့ Android OS ရဲ့ လုံခြုံရေးကို မြှင့်တင်ဖို့ကြိုးစားနေတာဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း အခုပုံစံအတိုင်းဆိုရင် Android 11 မှာ Third-party APK File တွေသွင်းဖို့ သို့မဟုတ် Google တရားဝင်မပါတဲ့ဖုန်းတွေမှာ Google App တွေသွင်းဖို့က တော်တော်လေးကို ပိုပြီးခက်ခဲသွားဖို့များနေပါတယ်။
Android 11 Beta 1 ဟာ ပုံမှန်အတိုင်းဆိုရင် ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ထဲက မိတ်ဆက်သွားဖို့စီစဥ်ထားတာဖြစ်ပြီး အခုအချိန်မှာ US နိုင်ငံတွင်းဖြစ်ပွားနေတဲ့ မငြိမ်သက်မှုတွေကြောင့် ရွေ့ဆိုင်းထားတယ်လို့ သိရပါတယ်။
Ref – Giz China