Google Maps ဟာ Apple Watch အတွက် ပြီးခဲ့တဲ့ ၃ နှစ်ဝန်းကျင်လောက်တုန်းက App ကို ရုတ်သိမ်းခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုအချိန်မှာတော့ Google ကနေ Apple Watch အတွက် Google Maps Version အသစ်ကို မကြာခင်မှာ မိတ်ဆက်သွားတော့မယ်လို့ ကြေညာခဲ့ပါတယ်။

အဆိုပါ Google Maps Application ဟာ Walking ၊ Cycling နဲ့ Home ၊ Workplace တွေနဲ့ တခြားသော နေရာတွေကိုပါ Navigation ပြုလုပ်ပေးနိုင်မယ်လို့ သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ Public Transit ကိုပါ Support ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

နောက်ထပ် Feature အနေနဲ့ကတော့ iPhone ရဲ့ Google Maps App ကနေ Navigation ပြုလုပ်နေပြီးတော့ အဆိုပါ Navigation အတွက်လည်း Direction လမ်းညွှန်မှုတွေကို Apple Watch ကနေ ဆက်လက်ရရှိနေမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ ခန့်မှန်းရောက်ရှိမယ့်အချိန်ကိုပါ ဖော်ပြသွားပေးမယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Apple Watch ဟာ လက်ရှိအချိန်မှာ ရောင်းအားအကောင်းဆုံး Smartwatch ဖြစ်နေသလို Google Maps ကလည်း လူသုံးအများဆုံး Maps Application တစ်ခုဖြစ်နေတဲ့အတွက် ဒီလိုမျိုး Apple Watch မှာ Google Maps ကို ပြန်လည်အသုံးပြုနိုင်တာကတော့ သတင်းကောင်းလို့ ပြောရမှာပါ။ ဒီလိုမျိုး Apple Watch အပြင် Apple CarPlay အသုံးပြုတဲ့အချိန်မှာလည်း Google Maps ကို Split-Screen Function အနေနဲ့ အသုံးပြုနိုင်အောင် Update ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

Ref – Engadget