Google Maps မှာ လာမယ့် ရက်သတ္တပတ်နဲ့ လတွေအတွင်း AI လုပ်ဆောင်ချက် အသစ်တွေ ပါလာတော့မှာ ဖြစ်ပါတယ်။ အဲဒီ လုပ်ဆောင်ချက် အသစ်တွေကို အောက်မှာ လေ့လာကြည့်ရအောင်။

Google Maps new AI features

Immersive View of Places

ဒီလုပ်ဆောင်ချက်က AI ကို အသုံးပြုကာ Street View ထောင်ပေါင်းများစွာနဲ့ ကောင်းကင် ဓါတ်ပုံတွေကို ပေါင်းစည်းကာ တည်နေရာတွေရဲ့ 3D View ကို ဖန်တီးပေးတာပါ။ အဲဒီအတွက် User တွေဟာ မလည်ပတ်ခင်မှာ တည်နေရာတွေကို ကြိုတင်ကြည့်နိုင်ပါတယ်။

Immersive View ကို  Amsterdam, Barcelona, Dublin, Florence, Las Vegas, London, Los Angeles, Miami, New York, Paris, San Francisco, San Jose, Seattle, Tokyo နဲ့ Venice က Android နဲ့ iOS Device တွေမှာ သုံးနိုင်ပါပြီ။

A Call From The Google Maps Team: What To Do | Calls From Google My  Business Team | Adster Creative

Lens in Maps

ဒီလုပ်ဆောင်ချက်က AI နဲ့ Augmented Reality ကို အသုံးပြုကာ ဖုန်း ကင်မရာနဲ့ ချိန်ရွယ်လိုက်တာနဲ့ ပတ်ဝန်းကျင်က အရာတွေရဲ့ သတင်းအချက်အလက်တွေကို သိနိုင်တာပါ။ Lens in Maps ကို Austin, Las Vegas, Rome, São Paulo နဲ့ Taipei အပါအဝင် နိုင်ငံ ၅၀ ကျော်မှာ သုံးနိုင်ပါပြီ။

Detailed Map

Google Maps မှာ အဆောက်အဦးတွေနဲ့ အဝေးပြေးလမ်းတွေရဲ့ အသေးစိတ်ကို ပြသပေးလာနိုင်ပါတယ်။ အဲဒီ Update ကို နိုင်ငံ ၁၂ ခုမှာ လာမယ့်လတွေအတွင်း ထည့်သွင်းပေးမှာပါ။

EV Charging Details

Google Maps မှာ လျှပ်စစ်ကားတွေအတွက် လုပ်ဆောင်ချက်တွေ တိုးချဲ့ ထည့်သွင်းပေးလိုက်ပါတယ်။ လျှပ်စစ်ကား ပိုင်ရှင်တွေဟာ Charger ၊ အားသွင်း အမြန်နှုန်းနဲ့ ဘက်ထရီ အသုံးပြုမှု အပါအဝင် အားသွင်းစက် ဒေတာတွေကို သိနိုင်ပါတယ်။ အဲဒီ Update ကို အမေရိကန်က Android နဲ့ iOS မှာ ရနိုင်ပါပြီ။

အဲဒီ AI လုပ်ဆောင်ချက်တွေကြောင့် Google Maps ဟာ ပိုမို စွမ်းရည်မြင့်မားလာပြီး သုံးစွဲသူတွေဟာ ထူးခြားဆန်းသစ်တဲ့ နည်းလမ်း အသစ်တွေနဲ့ ကမ္ဘာကြီးကို ကြည့်နိုင်ပါတယ်။

REF :    Gizmochina