COVID-19 ကြောင့် Video Conferencing Tool တွေဟာ နာမည်ကြီးလာပါတယ်။ အဲဒီထဲမှာ Zoom က လူသုံးအများဆုံး ဖြစ်လာပြီး Google က အမှီလိုက်ဖို့ ကြိုးစားနေပါတယ်။ Google ရဲ့ Consumer Video Chat App ဖြစ်တဲ့ Duo မှာ Link နဲ့ Join လို့ ရလာပြီး Group မှာ လူ ၃၂ ယောက်အထိ ပါဝင်လို့ရလာပါတယ်။ အခုတော့ Google က Gmail Mobile App မှာ Google Meet ကို သုံးလို့ရအောင် ဖန်တီးပေးလိုက်ပါပြီ။

“ Meet ကို Gmail (Android , iOS) မှာ သုံးလို့ရလာပြီ ဖြစ်တဲ့အတွက် Inbox ကနေ Video Meeting တွေ လွယ်လွယ်ကူကူ ပြုလုပ်နိုင်ပါပြီ။ လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ Gmail App မှာ Meet Tab အသစ်ကို တွေ့ရမှာဖြစ်ပြီး ခလုတ် ၁ ချက်နှိပ်လိုက်တာနဲ့ Video Meeting ပြုလုပ်နိုင်ပါပြီ။ Join စေချင်သူတွေကို Link ပို့ပေးနိုင်ပါတယ်။ “ လို့  Google က ရေးသားထားပါတယ်။

Gmail App ရဲ့ အောက်ခြေမှာ ဘားတန်း အသစ် ၁ ခု ပေါ်လာမှာ ဖြစ်ပြီး အဲဒီကနေ  Meet ကို အသုံးပြုလို့ရပါတယ်။ အဲဒီ ဘားတန်းကို Disable လုပ်ချင်ရင်လည်း အိုကေပါတယ်။ Gmail ရဲ့ Hamburger Menu မှာတော့ သိပ်အရေးမကြီးတဲ့ Function တွေကို ပြသပေးထားပါတယ်။ iOS Gmail User တွေကတော့ ပြီးခဲ့တဲ့ ၁ ပတ်ကတည်းက Meet Tab ရသွားကြပါတယ်။

Ref : androidpolice