Google ရဲ့ Hangouts Meet ဟာ Business Service တစ်ခုဖြစ်တဲ့ G Suite မှာပါဝင်တဲ့ Video Conferencing Service တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် COVID-19 ဗိုင်းရပ်စ်ရောဂါဖြစ်ပွားလာတဲ့အတွက် အဆိုပါ Hangsout Meet ကို Google Meet လို့ နာမည်ပြောင်းလိုက်ပြီး လာမယ့် စက်တင်ဘာလအထိ G Suite Service အသုံးပြုနေစရာမလိုအပ်ဘဲ အခမဲ့အသုံးပြုခွင့်ပေးထားခဲ့ပါတယ်။

ဒါပေမယ့် အခုအချိန်မှာတော့ Google Meet ကို Google ကနေ လုံးဝအခမဲ့အနေနဲ့ အသုံးပြုနိုင်တော့မှာဖြစ်တယ်ဆိုပြီး ကြေညာလိုက်ပါပြီ။ အဲ့ဒီအတွက် Google Meet ကို အသုံးပြုချင်တယ်ဆိုရင် Google Account ရှိရုံနဲ့တင် meet.google.com Website သို့မဟုတ် App ကနေ တစ်ဆင့်အသုံးပြုနိုင်တော့မှာပါ။

Google Meet ဟာ လက်ရှိအချိန်မှာ လူအယောက် ၁၀၀ အထိ Video Conferencing Call တွေ ခေါ်ဆိုနိုင်မှာဖြစ်သလို Google ရဲ့ Feature တွေဖြစ်တဲ့ Live Caption နဲ့ Screen Sharing Feature တွေကိုလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် G Suite Account နဲ့မဟုတ်ဘဲ အသုံးပြုမယ်ဆိုရင်တော့ စက်တင်ဘာလနောက်ပိုင်းမှာ တစ်ကြိမ်ကို မိနစ် ၆၀ အထိပဲ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး Google Meet ကို အခမဲ့အသုံးပြုခွင့်ပေးလိုက်တာက လက်ရှိအချိန်မှာ တစ်ရက်ကို အသုံးပြုသူပေါင်း သန်း ၃၀၀ လောက်အထိရှိနေတဲ့ Zoom လိုမျိုး Service တွေနဲ့ တိုက်ရိုက်ယှဥ်ပြိုင်နေတာဖြစ်ပါတယ်။ Google Meet ကလည်း အခုအချိန်မှာတောင် တစ်ရက်ကို အသုံးပြုသူ သန်း ၁၀၀ ဝန်းကျင်ရှိနေတဲ့အတွက် အခမဲ့အသုံးပြုနိုင်ပြီဆိုတော့ ပိုပြီး အသုံးပြုသူတွေများပြားလာတော့မှာပါ။

Ref – XDA-Developers