Android 11 Beta ရဲ့ ပထမဆုံး Build ကို ဖြန့်ချိပြီးနောက်မှာ Google ရဲ့ တရားဝင် Reddit အကောင့်ကနေ Android Messages အတွက် နောက်လလောက်မှာ Android 11 ရဲ့ Bubbles API အသစ် ရတော့မယ်လို့ ကြေညာလိုက်ပါတယ်။

Play Store မှာ Android Messages Beta App ကို စာရင်းပေးသွင်းထားသူတွေဟာ လာမယ့် တစ်ပတ် ၊ နှစ်ပတ်လောက်မှာ Bubbles ကို အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ Android 11 Beta ကို ဖုန်းမှာ ထည့်သွင်းထားရမှာပါ။ Android 11 မှာ Third Party App တွေဟာ Bubbles ကို သုံးနိုင်မှာ ဖြစ်ပြီး App တွေကို Floating Circle အနေနဲ့ Minimize ပြုလုပ်ပေးတာ ဖြစ်ပါတယ်။ Facebook Messenger ရဲ့ Chat Head လိုမျိုး ဖြစ်ပါတယ်။

Google ဟာ Reddit က ပို့စ်မှာ Bubbles ဟာ App က ထိန်းချုပ်တဲ့ လုပ်ဆောင်ချက် ၁ ခု ဖြစ်တဲ့အတွက် App Developers တွေဟာ သူတို့ရဲ့ Third Party App တွေမှာ Bubbles ကို Enable လုပ်ထားရမယ်လို့ ရှင်းပြထားပါတယ်။ Facebook Messenger ရဲ့ Chat Head ကို စာရေးသူ အပါအဝင် လူတော်တော်များများက သဘောကျကြပါတယ်။ တခြား App ၁ ခုကို သုံးနေရင်းကနေ Messenger မှာ Chat နိုင်တဲ့အတွက် တော်တော် အဆင်ပြေပါတယ်။

Ref : gsmarena