Google ရဲ့ Pixel Series စမတ်ဖုန်းတွေဟာ Camera ပိုင်းမှာ အကောင်းဆုံးဖုန်းတွေအဖြစ်လူသိများပြီးသားဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒါက ဓါတ်ပုံပိုင်းလို့ပြောရင်ပိုပြီး မှန်ကန်မှာဖြစ်ပြီး Video ပိုင်းမှာတော့ တခြားသော Samsung နဲ့ Apple iPhone တွေနဲ့ယှဥ်ရင် အများကြီးအားနည်းနေသေးတာဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုရင် လက်ရှိနောက်ဆုံးထွက်ရှိထားတဲ့ Pixel 4 Series ဖုန်းတွေတောင်မှ 4K Video Recording ကို 30fps နဲ့ပဲ ရိုက်ကူးနိုင်တာဖြစ်ပါတယ်။ အဲ့ဒီအတွက် တခြားသော Flagship ဖုန်းတွေလိုမျိုး 4K 60fps Video တွေရိုက်ကူးနိုင်ခြင်းမရှိပါဘူး။

Google ကတော့ အဆိုပါပြဿနာကို Software Update နဲ့ဖြေရှင်းနိုင်ဖို့ကြိုးစားနေပြီး မကြာသေးခင်ကလည်း 30fps အပြင် 4K 24fps Recording ကိုပါ ရရှိအောင်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ အခုနောက်ဆုံးရရှိလာတဲ့သတင်းအရ 4K 60fps Recording ကိုပါ လာမယ့် Google Camera Update မှာ ထည့်သွင်းဖို့စီစဥ်နေပြီဖြစ်ပါတယ်။

ယခုသတင်းကိုတော့ XDA Developer ကနေ ဖော်ပြခဲ့တာဖြစ်ပြီး Pixel 4a မှာပါဝင်တဲ့ Google Camera 7.4 APK ကို Teardown ပြုလုပ်တဲ့အချိန်မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် Google Camera 7.4 Update နဲ့အတူ 4K 60fps Video Recording ကိုပါ Update ရရှိလာနိုင်ဖွယ်ရှိနေပါတယ်။

ဒါပေမယ့် လောလောဆယ်အထိ ဘယ် Pixel ဖုန်းတွေမှာ 4K 60fps Video Recording ကိုရရှိလာနိုင်မလဲဆိုတာကို မသိရှိရသေးဘဲ ဖြစ်နိုင်တာက Pixel 4a မှာတော့ ပါဝင်ဦးမှာမဟုတ်သေးဘဲ Flagship ဖုန်းတွေဖြစ်တဲ့ Pixel 4 နဲ့ Pixel 3 ဖုန်းတွေနဲ့အတူ Pixel 5 ဖုန်းမှာရရှိလာဖို့များနေပါတယ်။

Ref – XDA-Developer