Google I/O ဟာ Google ရဲ့ နှစ်စဉ်ကျင်းပနေကျ Developer Conference ဖြစ်ပြီး ဒီနှစ်မှာတော့ တမူထူးခြားစွာ Google ရဲ့ ဟာ့ဒ်ဝဲထုတ်လုပ်တဲ့ ဌာနက အဲဒီပွဲမှာ ပါဝင်လာနိုင်ပါတယ်။ Google က ဒီနှစ် Google I/O Developer Conference မှာ Pixel Fold, Pixel Tablet နဲ့ Pixel 7a တို့ကို ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။

အခုတော့ Google က မေလ ၁၀ ရက်နေ့မှာ ကျင်းပမယ့် I/O Developer Conference မှာ Pixel Fold ကို ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။ ကုမ္ပဏီက တွစ်တာ အကောင့်မှာ Pixel Fold ရဲ့ Teaser Video အတို ၁ ခုကို တင်ထားပြီး ဒီဇိုင်းကို လေ့လာလို့ရလာပါတယ်။

Renders laten Google Pixel Fold zien met flinke schermranden'

ကုမ္ပဏီက Pixel Fold ကို တရားဝင် မိတ်ဆက်ပွဲ မတိုင်ခင် ရက်ပိုင်းအလိုမှာ ပြသလိုက်တာ ဖြစ်ပါတယ်။ Google ဟာ အရင်နှစ်ကလည်း တရားဝင် မိတ်ဆက်ပွဲ မတိုင်ခင်မှာ ထုတ်ကုန်တွေရဲ့ သတင်းအချက်အလက်တွေကို မျှဝေတဲ့ နည်းဗျူဟာကို ကျင့်သုံးခဲ့ပါတယ်။ အဲဒီလို ပြုလုပ်ခြင်းအားဖြင့် ထုတ်ကုန်တွေကို လူတွေ စိတ်ဝင်စားမှု ပိုမိုမြင့်မားစေပါတယ်။ တခြား ကုမ္ပဏီတွေကလည်း အလားတူ နည်းလမ်းကို ကျင့်သုံးကြပါတယ်။

Pixel Fold ရဲ့ အရွယ်အစားဟာ Samsung Galaxy Z Fold4 ထက်  OPPO Find N, Find N2 နဲ့ ပိုမို တူညီနိုင်ပါတယ်။ Google ရဲ့ ကိုယ်ပိုင် Tensor G2 SoC မောင်းနှင်ထားနိုင်ပြီး အလေးချိန်က ၂၈၃ ဂရမ် ရှိနိုင်ပါတယ်။ Galaxy Z Fold4 ထက် ပိုကြီးတဲ့ ဘက်ထရီ ပါလာနိုင်ပါတယ်။ အမေရိကန်မှာ ၁,၇၉၉ ဒေါ်လာနဲ့ ဇွန်လ ၂၇ ရက်နေ့ ရောင်းချနိုင်ပါတယ်။

Ref : gsmarena