Google Photos ရဲ့ Search မှာ တိုးတက်မှုတွေ ထည့်သွင်းပေးလိုက်ပြီး Google က ပေးတဲ့ ဥပမာ အရ “Emma painting in backyard” လို့ ရိုက်ကာ ဓါတ်ပုံတွေ ရှာနိုင်ပါတယ်။

ရလဒ်တွေကို ရက်စွဲ ၊ အကြောင်းအရာ အလိုက် Sort လုပ်နိုင်ပြီး သင်ရှာချင်တဲ့ ဓါတ်ပုံကို လျှင်မြန်စွာ ရှာနိုင်ပါတယ်။ အဲဒီ လုပ်ဆောင်ချက်တွေကို Android နဲ့  iOS မှာ English ဘာသာစကား သုံးသူအားလုံးအတွက် လက်ရှိမှာ ဖြန့်ချိပေးနေပြီး လာမယ့် ရက်သတ္တပတ်အတွင်းမှာ တခြား ဘာသာစကားတွေအတွက် ဖြန့်ချိပေးမှာပါ။

အမေရိကန်မှ User တချို့ဟာ Google Labs ရဲ့ Ask Photos ကို အစောဆုံး အသုံးပြုနိုင်ပါပြီ။ Gemini AI ကို အသုံးပြုကာ ဓါတ်ပုံတွေ ရှာနိုင်တဲ့ စွမ်းရည် ဖြစ်ပါတယ်။ Ask Photos က သင့်ဘဝမှာ အရေးအကြီးဆုံး လူတွေ၊ သင့် ဝါသနာနဲ့ သင်နှစ်သက်တဲ့ အစားအစာတွေလို သင့် ဓါတ်ပုံ Gallery ထဲက အရာတွေကို သိနားလည်ပါတယ်။

သင့်ရဲ့ အမှတ်တရတွေကိုလည်း ရှာခိုင်းနိုင်ပါတယ်။ ဥပမာ အနေနဲ့” Stanley မှ ဟိုတယ်မှာ ငါတို့ ဘာစားခဲ့သလဲ?” စတဲ့ မေးခွန်းမျိုးကို မေးနိုင်ပါတယ်။

Ask Photos ဟာ Google Photos  ရဲ့ Chatbot လို့ ပြောနိုင်ပါတယ်။ သင် သွားခဲ့တဲ့ ခရီးစဉ် တစ်ခုမှ အကောင်းဆုံး အရာတွေကို အကျဉ်းချုပ်ခိုင်းနိုင်ပြီး ပွဲ အခမ်းအနားတစ်ခုမှ အကောင်းဆုံး ဓါတ်ပုံတွေကို အကြံပြုပေးနိုင်ပါတယ်။ အဲဒီ လုပ်ဆောင်ချက် အားလုံးကို Gemini AI က စီမံခန့်ခွဲတာ ဖြစ်ပါတယ်။

Ref : gsmarena