Google ကနေ Mid Range ဖုန်းအသစ်ဖြစ်တဲ့ Google Pixel 4a စမတ်ဖုန်းကို လာမယ့် ရက်သတ္တပတ်အတွင်းမှာ မိတ်ဆက်တော့မှာဖြစ်ပါတယ်။ အဆိုပါ Google Pixel 4a ဖုန်းနဲ့ ပတ်သက်ပြီး Specification အကုန်လုံးပေါက်ကြားနေပြီးဖြစ်သလို စျေးနှုန်းအနေနဲ့လည်း မနှစ်တုန်းက Google Pixel 3a လိုမျိုးပဲ $399 ကနေ စတင်မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Google Pixel 4a နဲ့ Xiaomi Redmi Note 7 တို့ရဲ့ Camera တွေကို နှိုင်းယှဥ်ထားတဲ့ဓါတ်ပုံတွေထွက်ပေါ်ခဲ့ပြီးတော့ အခုလည်း Google Pixel 4a ရဲ့ Camera ပိုင်းကို Review ပြုလုပ်ထားတဲ့ Video ထပ်မံထွက်ပေါ်လာခဲ့ပြန်ပါပြီ။ အဆိုပါ Pixel 4a Camera Review Video ကိုတော့ Cuban YouTube Channel တစ်ခုဖြစ်တဲ့ TecnoLike Plus ကနေ ဖော်ပြခဲ့တာဖြစ်ပါတယ်။

 

အဆိုပါ Review အရ Google Pixel 4a ဟာ Back Camera အနေနဲ့ 12.2MP Sony IMX363 Sensor ကိုပဲဆက်လက်အသုံးပြုထားပြီး Aperture f1.73 နဲ့ Pixel Size 1.4µm ရှိမယ်လို့ သိရပါတယ်။ Front Selfie Camera အနေနဲ့ကတော့ 8MP f2.0 Sony IMX355 Sensor ကိုပဲ အသုံးပြုလာမှာဖြစ်ပါတယ်။ အဆိုပါ 12.2MP Sony IMX363 Sensor ဟာ ပြီးခဲ့တဲ့ Pixel 3 ၊ Pixel 3a နဲ့ Pixel 4 ဖုန်းတွေမှာ အသုံးပြုထားတဲ့ Sensor ဖြစ်သလို Selfie 8MP Sony IMX355 Sensor ကလည်း Pixel 3 နဲ့ Pixel 3a ဖုန်းတွေမှာ အသုံးပြုထားတဲ့ Sensor တစ်ခုဖြစ်ပါတယ်။

Camera Quality ပိုင်းမှာ Google Pixel ဖုန်းတွေအတိုင်းပဲ အထင်ကြီးစရာ Quality ကိုတွေ့ရှိခဲ့ရပြီး Portrait Mode ၊ HDR+ ၊ Night Mode ၊ Astrophotography Mode လိုမျိုး Feature တွေကိုလည်း ထည့်သွင်းပေးထားဆဲဖြစ်တယ်လို့ သိရပါတယ်။ Zoom ပိုင်းမှာတော့ Secondary Sensor ပါဝင်ခြင်းမရှိပေမယ့် SuperRes Zoom Feature နဲ့ 8x Zoom အထိ အသုံးပြုနိုင်တယ်လို့ သိရပါတယ်။

Google Pixel 4a စမတ်ဖုန်းဟာ 5.8″ OLED Punch-hole Display ၊ 3080mAh Battery ၊ Snapdragon 730 Processor ၊ RAM 6GB နဲ့ Storage 64GB သို့မဟုတ် 128GB ပါဝင်လာမှာဖြစ်ပြီး စွမ်းဆောင်ရည်ပိုင်းမှာ iPhone SE လိုမျိုးဖုန်းတွေကို ယှဥ်နိုင်မှာမဟုတ်ပေမယ့် Camera ပိုင်းမှာတော့ Flagship ဖုန်းတစ်လုံးနီးပါး စွမ်းဆောင်နိုင်ဖို့များနေပါတယ်။

Ref – XDA Developers