Google ကနေ Mid Range ဖုန်းအသစ်ဖြစ်တဲ့ Google Pixel 4a ကို အစောပိုင်းတုန်းက ယခုမေလအတွင်းမှာ မိတ်ဆက်သွားဖို့ စီစဥ်ထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်ပိုင်းတုန်းကလည်း Pixel 4a စမတ်ဖုန်းကို လာမယ့် မေလ ၂၂ ရက်နေ့မှာ တရားဝင်ရောင်းချသွားမယ်ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်။

ဒါပေမယ့် အခုနောက်ဆုံးရရှိတဲ့သတင်းတွေအရတော့ Google ကနေ Pixel 4a စမတ်ဖုန်းကို မိတ်ဆက်ရောင်းချမယ့်အချိန်ကို လာမယ့် ဇွန်လ ၅ ရက်နေ့အထိရွေ့ဆိုင်းလိုက်တယ်လို့ သိရပါတယ်။ အဆိုပါရက်မှာ စတင်ရောင်းချမှာဖြစ်တဲ့အတွက် ဖြစ်နိုင်တာကလာမယ့် ဇွန်လ ၃ ရက်နေ့မှာ ပြုလုပ်သွားမယ့် Android 11 Beta Show မှာ Pixel 4a ကိုပါ မိတ်ဆက်သွားမယ့် ပုံစံပါပဲ။

Google Pixel 4a ဟာ Google I/O Event မှာ မိတ်ဆက်သွားဖို့ စီစဥ်ဖြစ်ပြီး အခုလိုမျိုး Google I/O Event ကို ဖျက်သိမ်းလိုက်ရတဲ့အတွက် Android 11 Beta Show မှာမိတ်ဆက်ဖို့စီစဥ်တာက ယုတ္တိရှိတယ်ဆိုပေမယ့် ပုံမှန်ရောင်းချရမယ့်အချိန်ထက် တော်တော်လေးကိုနောက်ကျသွားတာလည်းဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Google Pixel 4a စမတ်ဖုန်းဟာ 5.81″ FullHD+ OLED Display ၊ Snapdragon 730 CPU နဲ့ RAM 6GB ပါဝင်မှာဖြစ်ပြီး Storage အနေနဲ့တော့ 64GB သို့မဟုတ် 128GB ပါဝင်မှာဖြစ်ပါတယ်။ Camera ပိုင်းအနေနဲ့ 12.2MP Back Camera နဲ့ 8MP Front Selfie Camera ကို Punch-hole Display အနေနဲ့ ထည့်သွင်းထားမှာပါ။ Battery ပိုင်းအနေနဲ့ 3080mAh Battery ပါဝင်မှာဖြစ်ပြီး 18W Fast Charging ကိုလည်း Support ပြုလုပ်မယ်လို့ သိရပါတယ်။

Ref – GSM Arena