Google ရဲ့ Pixel ဖုန်းတွေဟာ အမြဲတမ်းလိုလို တရားဝင်မမိတ်ဆက်ခင်မှာတင် ဆက်တိုက်သတင်းတွေပေါက်ကြားနေတတ်ပြီး အခုမကြာခင်မိတ်ဆက်ဖို့ရှိနေတဲ့ Pixel 4a ဖုန်းလည်း အတူတူလို့ပြောလို့ရသွားပါပြီ။

ဘာကြောင့်လဲဆိုရင် ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Pixel 4a ရဲ့ ဓါတ်ပုံတွေထွက်ရှိလာခဲ့ပေမယ့် အခုအချိန်မှာတော့ Review Video ပါ တက်လာခဲ့တာဖြစ်ပါတယ်။ အဆိုပါ Review Video ကိုတော့ TechnoLike Plus YouTube Channel ကနေ တင်ထားခဲ့တာပါ။

ဒီ Review Video မှာ Pixel 4a ရဲ့ ပုံစံအပြင် Specs တွေ၊ Camera နဲ့ Setting တွေအကုန်လုံးပါ ဖော်ပြသွားခဲ့တာဖြစ်ပါတယ်။ ကိုယ်ထည်ပိုင်းအနေနဲ့ကတော့ Pixel 3a လိုမျိုးပဲ Polycarbonate Body ကိုပဲဆက်လက်အသုံးပြုထားပြီး Display ကိုတော့ Punch-hole Display ကို အသုံးပြုလာတာဖြစ်ပါတယ်။ အဲ့ဒီအတွက် ပြီးခဲ့တဲ့ Pixel 3a ဖုန်းနဲ့ယှဥ်ရင်တော့ Display ပိုင်းမှာပိုပြီး Screen-to-Body Ratio ကောင်းမွန်လာမှာပါ။

Display အနေနဲ့ကတော့ 5.81″ ရှိမှာဖြစ်ပြီး FHD+ 60Hz Refresh Rate Panel ကိုပဲတပ်ဆင်ပေးထားတာဖြစ်ပါတယ်။ ကျောဘက်မှာလည်း လေးထောင့်ပုံစံ Single Camera အပြင် Fingerprint Sensor ကိုပါ ထည့်သွင်းပေးထားပါတယ်။ USB-C အားသွင်းပေါက်အပြင် 3.5mm Headphone Jack ကိုလည်း ဖုန်းရဲ့အပေါ်ဘက်မှာထည့်သွင်းထားပါသေးတယ်။

Specs တွေအနေနဲ့တော့ Qualcomm Snapdragon 730 Processor ကိုအသုံးပြုထားပြီး RAM အနေနဲ့ 6GB ပါဝင်မှာဖြစ်ပါတယ်။ ဒါပေမယ့် Storage ကိုတော့ 64GB ပဲထည့်သွင်းထားပါတယ်။

Camera ကတော့ 12MP Sensor ပဲပါဝင်ပေမယ့် ဖြစ်နိုင်တာက Pixel 4 ဖုန်းနဲ့ Image Quality အတူတူလောက်ရရှိလာနိုင်ပါတယ်။ Selfie Camera အနေနဲ့ကတော့ 8MP Sensor ပါဝင်မှာပါ။

Battery ပိုင်းအနေနဲ့ကတော့ 3080mAh Battery ပါဝင်မှာဖြစ်ပြီး Android 10 OS ကို အသုံးပြုထားတဲ့အပြင် Dual SIM ကိုပါ Support ပြုလုပ်မှာပါ။ စျေးနှုန်းအနေနဲ့တော့ Cuba မှာ 500 Cuban Peso နဲ့ရောင်းချသွားမယ်လို့သိရတဲ့အတွက် ဒေါ်လာ ၄၉၉ ဝန်းကျင် (မြန်မာငွေ ၆ သိန်းခွဲဝန်းကျင်) ကျသင့်မှာဖြစ်ပါတယ်။

Ref – Gizmo China