Apple ကနေ ပြီးခဲ့တဲ့လတုန်းက $399 တန် iPhone SE ကို မိတ်ဆက်သွားပြီး Mid Range ဖုန်းစျေးကွက်ထဲကို ဝင်ရောက်လာခဲ့ပါတယ်။ ပုံမှန်အားဖြင့် မေလအတွင်းမှာ Google Pixel 4a ကို မိတ်ဆက်ဖို့စီစဥ်ထားပေမယ့် အခုနောက်ဆုံးသိရှိတဲ့သတင်းအရ အချိန်ကိုပါ လာမယ့် ဇွန်လ ပထမပတ်အထိ ရွေ့ဆိုင်းလိုက်တယ်လို့ သိရပါတယ်။

ဒီလိုမျိုး မိတ်ဆက်မယ့်အချိန်က နောက်ကျသွားပေမယ့်လည်း Google Pixel 4a ကို စိတ်ဝင်စားတဲ့သူတွေအတွက် သတင်းကောင်းတစ်ခုထွက်ပေါ်လာပါပြီ။ အဲ့ဒါကတော့ Google ကနေ Pixel 4a ကို မနှစ်တုန်းက Pixel 3a လိုမျိုး $399 (မြန်မာငွေ ၅ သိန်း ၆သောင်းဝန်းကျင်) နဲ့ ရောင်းချမယ့်အစား $349 (မြန်မာငွေ ၅ သိန်းဝန်းကျင်) နဲ့ စျေးလျော့ပြီး ရောင်းချသွားမှာပဲဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ အဆိုပါ $349 တန် Version ဟာ Storage ကိုလည်း ယခင်တုန်းကလိုမျိုး 64GB မဟုတ်တော့ဘဲ 128GB ပါဝင်လာမှာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် လက်ရှိ 128GB Version iPhone SE နဲ့ ယှဥ်မယ်ဆိုရင်တောင်မှ Google Pixel 4a ဟာ ဒေါ်လာ ၁၀၀ အထိ ပိုပြီးသက်သာနေမှာဖြစ်ပါတယ်။

အဆိုပါ သတင်းကိုတော့ 9to5Google ကနေ ဖော်ပြခဲ့တာဖြစ်ပြီး တကယ်ထွက်ရှိလာတဲ့အချိန်မှာ မှန်ကန်မလားဆိုတာကိုတေ့ာ ဆက်လက်စောင့်ကြည့်ရမှာပါ။ Pixel 4a ဟာ 5.81″ Full HD+ OLED Display ၊ Snapdragon 730 Processor ၊ RAM 6GB အပြင် Google Pixel 4 မှာအသုံးပြုထားတဲ့ 12.2MP Primary Back Camera ကို အသုံးပြုလာမှာဖြစ်ပါတယ်။

Ref – GSM Arena