Google ကနေ ပြီးခဲ့တဲ့နှစ်တုန်းက Pixel 3a ဖုန်းတွေကို မိတ်ဆက်ခဲ့ပြီး စျေးနှုန်းအနေနဲ့ $399 ကနေ စတင်တဲ့အတွက် ရောင်းအားကောင်းတဲ့ Pixel ဖုန်းတွေဖြစ်ခဲ့ပါတယ်။ အခုလည်း Google ကနေ Pixel 4a ဖုန်းကို မကြာခင်ရောင်းချတော့မှာပါ။

မကြာသေးခင်တုန်းကလည်း Pixel 4a ရဲ့ ဓါတ်ပုံတွေအပြင် Review Video တွေပါ ပေါက်ကြားခဲ့သလို အခုအချိန်မှာ နာမည်ကြီး Leakster တစ်ဦးဖြစ်တဲ့ Evan Blass ကနေ Google Pixel 4a ရဲ့ Billboard Mockup Sample ပုံတွေကို ဖော်ပြခဲ့ပါတယ်။

အဆိုပါ ဓါတ်ပုံတွေအရတော့ Google Pixel 4a ဟာ စျေးနှုန်းအနေနဲ့ Pixel 3a လိုမျိုးပဲ $399 (မြန်မာငွေ ၅ သိန်းခွဲဝန်းကျင်) ကနေ စတင်လာမှာပါ။ Display ပိုင်းမှာလည်း အခုနောက်ပိုင်းခေတ်စားလာတဲ့ Punch-hole Design လုပ်ထားတဲ့အပြင် Next Gen Google Assistant လည်းပါဝင်လာမှာဖြစ်ပါတယ်။ Camera အနေနဲ့ကတော့ Single Camera ကိုပဲ ဆက်လက်အသုံးပြုလာဦးမှာပါ။

လက်ရှိသိရှိထားရတဲ့သတင်းတွေအရတော့ Pixel 4a ဖုန်းဟာ Qualcomm Snapdragon 730 Processor ၊ RAM 6GB နဲ့ 64GB Storage တွေပါဝင်မှာဖြစ်သလို Camera ပိုင်းမှာလည်း Pixel 4 လိုမျိုး 12MP Back Camera နဲ့ 8MP Selfie Camera တွေထည့်သွင်းလာမှာပါ။ Battery အနေနဲ့လည်း 3080mAh Battery ပါဝင်လာမှာဖြစ်သလို 3.5mm Headphone Jack လည်း ထည့်သွင်းထားဆဲဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အခုအတိုင်းဆိုရင် Pixel 4a ဖုန်းဟာ 3a လိုပဲ ရောင်းအားကောင်းဦးမယ့် Google Pixel ဖုန်းတစ်လုံးဖြစ်လာဖို့များနေပါပြီ။

Ref – The Verge