Google ဟာ Mid Range ဖုန်းတစ်လုံးဖြစ်တဲ့ Pixel 4a စမတ်ဖုန်းကို မကြာခင်မှာ မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အခုအချိန်မှာ အဆိုပါ Pixel 4a ဖုန်းနဲ့ပတ်သက်တဲ့ Design တွေနဲ့ Specification အကုန်လုံးနီးပါး ပေါက်ကြားထားပြီးဖြစ်သလို အခုလည်း နောက်ထပ် သတင်းတစ်ခုထွက်ပေါ်လာခဲ့ပါပြီ။

ဒါကတော့ Google Pixel 2 Series ဖုန်းတွေကနေစတင်ပြီးတော့ နောက်ဆုံးထွက်ရှိထားတဲ့ Pixel 4 Series ဖုန်းတွေအထိအကုန်လုံးမှာ ပါဝင်တဲ့ Active Edge Feature ကို Pixel 4a ဖုန်းမှာ ပါဝင်မှာမဟုတ်တော့တာပဲဖြစ်ပါတယ်။ Active Edge ဆိုတာကတော့ ဖုန်းရဲ့ ဘေးဘောင်တွေကို ညစ်လိုက်ရုံနဲ့ Google Assistant ကို ခေါ်ဆိုနိုင်တာ သို့မဟုတ် Incoming Call ၊ Timer တွေကို Silent ပြုလုပ်နိုင်တဲ့ Feature တစ်ခုဖြစ်ပါတယ်။

အခုလိုမျိုး Active Edge Feature ကို ထည့်သွင်းလာခြင်းမရှိတာက Pixel 4a ကို မနှစ်တုန်းက Pixel 3a ထက်ပိုပြီး သက်သာတဲ့ $349 နဲ့ ရောင်းချမှာကြောင့် ဖြစ်နိုင်ပါတယ်။ Google အနေနဲ့ အဆိုပါ Active Edge Feature အစား ယခင်တုန်းက သတင်းထွက်ပေါ်ခဲ့ဖူးတဲ့ Pixel ဖုန်းတွေရဲ့ နောက်ကျောဘက်ကို Double Tap ပြုလုပ်ပြီး Google Assistant ၊ Screenshot လိုမျိုး နှစ်သက်ရာ Function ကို ခိုင်းစေနိုင်တဲ့ Gesture အသစ်ကို ထည့်သွင်းလာဖွယ်ရှိနေပါတယ်။

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး Active Edge Feature ပါဝင်ခြင်းမရှိတော့တာက Pixel ဖုန်းတွေမှာပဲ ပါဝင်တဲ့ထူးခြားတဲ့ Feature တစ်ခုပျောက်သွားတာဖြစ်သလို Pixel 4a အနေနဲ့လည်း မနှစ်တုန်းက Pixel 3a လိုမျိုး ဆက်လက်အောင်မြင်နိုင်မလားဆိုတာကို စောင့်ကြည့်ရမှာပါ။

Ref – Android Authority