Google ကနေ ပြီးခဲ့တဲ့လပိုင်းတုန်းက $349 ကနေစတင်တဲ့ Pixel 4a ကို တရားဝင်မိတ်ဆက်ရောင်းချခဲ့ပါတယ်။ မကြာခင်တုန်းကလည်း Pixel 4a (5G) အပြင် Pixel 5 ဖုန်းတွေကိုပါ လာမယ့် စက်တင်ဘာလ ၃၀ ရက်နေ့မှာ မိတ်ဆက်သွားမယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်။

အခုအချိန်မှာတော့ Google Pixel 5 လို့ယူဆရတဲ့ Render ဓါတ်ပုံတွေထွက်ပေါ်လာပြီဖြစ်ပါတယ်။ အရွယ်အစားအနေနဲ့ကတော့ Pixel 4a နဲ့ဆင်တူမှာဖြစ်ပြီး Display အနေနဲ့ကလည်း 5.7″ ကနေ 5.8″ ဝန်းကျင်ရှိမယ်လို့ သိရပါတယ်။ Selfie Camera အနေနဲ့လည်း Pixel 4a လိုမျိုးပဲ Single Punch-hole Camera ကိုထည့်သွင်းထားမှာဖြစ်ပါတယ်။

 

နောက်ဖက် Camera Design အနေနဲ့ကတော့ Google Pixel 4 Series နဲ့ဆင်တူပြီးတော့ Triple Camera Setup ကို အသုံးပြုလာပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် ပုံမှန် Primary Sensor နဲ့ Telephoto Sensor အပြင် Ultrawide Sensor ပါ ပါဝင်လာတော့မှာပါ။ Pixel 4 Series လိုမျိုးတော့ Face Unlock စနစ်ပါဝင်မှာမဟုတ်တော့ဘဲ Fingerprint Sensor ကိုပဲ နောက်ကျောဘက်မှာထည့်သွင်းထားပါတယ်။

Google Pixel 5 စမတ်ဖုန်းဟာ Qualcomm Snapdragon 765G Chipset ၊ RAM 8GB နဲ့ 128GB Base Storage တွေပါဝင်လာမှာဖြစ်ပါတယ်။ 5G ကိုလည်း Support ပြုလုပ်မယ့်အပြင် 90Hz Refresh Rate Display လည်းပါဝင်မှာပါ။ ဒါပေမယ့် Pixel 4a မှာ ပါဝင်တဲ့ 3.5mm Headphone Jack ကတော့ ပါဝင်မှာမဟုတ်ပါဘူး။

Google Pixel 5 ရဲ့ စျေးနှုန်းကိုတော့ အတိအကျမသိရှိရသေးပေမယ့် ဖြစ်နိုင်တာကတော့ $600 ဝန်းကျင်ကနေ စတင်လာနိုင်ပါတယ်။ စက်တင်ဘာလ ၃၀ ရက်နေ့မှာ မိတ်ဆက်သွားမှာဖြစ်ပေမယ့်လည်း အောက်တိုဘာလ ၈ ရက်နေ့ဝန်းကျင်မှပဲ Pre-order မှာယူနိုင်မယ်လို့ သိရပါတယ်။

Ref – GSM Arena