Google Pixel 5 XL စမတ်ဖုန်းဟာ အွန်လိုင်းပေါ် ရုတ်တရက်ပေါ်ထွက်လာပြီး နောက်ဘက်ဒီဇိုင်းကို မြင်ရအောင် Case Render တစ်ခုနဲ့ပါ Leak ဖြစ်လာခဲ့တာပါ။

အခုထွက်ပေါ်လာတဲ့ ပုံကိုကြည့်မယ်ဆိုရင် Google Pixel 5 XL ဟာ Fingerprint Scanner ကို နောက်ကျောမှာ ဆက်ထားနေဆဲပါပဲ။ သူ့ရဲ့နောက်ဘက်အလည်လောက်မှာ စက်ဝိုင်းပုံ Cutout ကို ရှင်းလင်းစွာမြင်ရပြီး Pixel 3 XL လို ယခင်မျိုးဆက်မှာ ပါခဲ့တဲ့အတိုင်း ဖြစ်ပါတယ်။

ဒါ့အပြင် အခုနောက်ပိုင်း Premium ဟန်းဆက်တွေမှာ သိပ်တွေ့ရလေ့မရှိတဲ့ 3.5mm Audio Jack တစ်ခုလည်း ပါဝင်လာပြီး Pixel 4 XL မှာတောင် မပါခဲ့ပါဘူး။ Pixel 4 XL တုန်းက Google ဟာ နည်းပညာမြင့် Sensor တွေကို အားကိုးခဲ့ပြီး 3D Facial Recognition အားကိုးနဲ့ Fingerprint ကိုလည်း ချန်ထားခဲ့ပါတယ်။

Case ပေါ်မှာ ရှင်းလင်းစွာမြင်ရတဲ့ လေးထောင့်ပုံ Cut ကလည်း Dual-camera ပါခဲ့တဲ့ Pixel 4 စီးရီးနဲ့ ဆင်တူတာကို တွေ့ရမှာပါ။ ဒီရက်ပိုင်းထွက်လာတဲ့ သတင်းမှာ Google Pixel 5 စီးရီးဟာ ကုန်ကျစရိတ်လျော့ချဖို့ Flagship ချစ်ပ်ဆက် Snapdragon 865 ကို မသုံးဘဲ Snapdragon 765G ကို အသုံးပြုလာနိုင်တယ်လို့လည်း ဆိုထားပါတယ်။ ပုံမှန်အားဖြင့် Google Pixel စီးရီးသစ်ကို အောက်တိုဘာလလောက်မှာ မိတ်ဆက်လာတတ်တာကြောင့် အခုချိန်မှာ ပြောဖို့တော့ အနည်းငယ်စောနေပါသေးတယ်။

Ref – GizmoChina