Google က စွမ်းရည်မြင့် Pixel 6 Series ကို မကြာခင်က ကြေညာခဲ့ပြီး ဒီဇိုင်းအသစ်နဲ့ Specifications အမိုက်စားတွေ ပါလာပါတယ်။ ဒါပေမယ့် အဲဒီဖုန်းတွေမှာ ပြဿနာတွေ ဖြစ်ပေါ်ခဲ့ပြီး Google က ဖြေရှင်းပေးနေရပါတယ်။ အခုတော့ နောက်ထပ် ပြဿနာ ၁ ခု ဖြစ်နေပါပြီ။ အဲဒီ ဖုန်းတွေဟာ Random Contact တွေကို အလိုအလျှောက် ဖုန်းခေါ်နေတယ်လို့ Pixel 6 ပိုင်ရှင်များစွာက သတင်းပေးပို့ထားကြပါတယ်။

Google Pixel 6

Reddit Thread ၁ ခုက အဲဒီ Bug အကြောင်းကို အသေးစိတ် ရှင်းပြထားပြီး ဖုန်းဟာ အိတ်ကပ်ထဲ ရှိနေချိန် သို့မဟုတ် ပိုင်ရှင် အဝေးမှာ ရှိနေချိန်မှာ Random Contact တွေကို အလိုအလျှောက် ဖုန်းခေါ်နေတာပါ။ အဲဒီလို ဖြစ်ရတာဟာ Google Assistant ကြောင့်ဖြစ်ပြီး ပတ်ဝန်းကျင်က အသံ ၁ ခုကို ကြားတဲ့အခါမှာ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်က မှားယွင်းစွာ နားလည်မိကာ အခုလို ဖုန်းခေါ်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တချို့ ပိုင်ရှင်တွေက တိတ်ဆိတ်နေတဲ့ အချိန်မှာလည်း အခုလို ဖုန်းခေါ်နေတယ်လို့ ပြောပါတယ်။

Pixel 6 Pro is the flagship smartphone Google has always wanted to make | TechSpot

တချို့ကလည်း ညဘက် အိပ်နေတဲ့ အချိန်မှာ Pixel 6 ဟာ Random Contact တွေကို ဖုန်းခေါ်နေတယ်လို့ ပြောကြပါတယ်။ ဘယ်လို အခြေအနေမှာပဲ ဖြစ်ဖြစ် အခုဖြစ်ရပ်ဟာ တော်တော် စိတ်ပျက်စရာကောင်းပါတယ်။ စွမ်းရည်မြင့် ဖုန်းတွေမှာ ဒီလို Bug မျိုး ရှိနေတာ အံ့အားသင့်စရာပါ။ Google Assistant ဟာ ဒီဖြစ်ရပ်ရဲ့ လက်သည် မဟုတ်ဘူးလို့ တချို့က ပြောပါတယ်။ Pixel 6 ပိုင်ရှင်တချို့က ဒီ ပြဿနာကို ဖြေရှင်းဖို့ Google Assistant ကို ပိတ်လိုက်တဲ့အခါမှာ ပြဿနာဟာ မပြေလည်သွားပါဘူး။

Google က အဲဒီ Bug နဲ့ ပတ်သက်ပြီး တရားတင် တုန့်ပြန်ဖြေရှင်းထားတာ မရှိသေးပါဘူး။ ဒါပေမယ့် မကြာခင်မှာ Google က ဖြေရှင်းပေးနိုင်ပါတယ်။

Ref : gizmochina